ဒေါ်နော်အုန်းလှကို ထောင် ၂နှစ်ချ

  • 29 ဩဂုတ် 2013
daw naw ohn hla

လက်ပံတောင်တောင် စီမံကိန်း ရပ်ဆိုင်းဖို့နဲ့ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ သြဂုတ် ၁၃ ရက်နေ့က မုံရွာမှာ ဆန္ဒထုတ်ဖော်ခဲ့လို့ ထိမ်းသိမ်းခံထားရတဲ့ ဒေါ်နော်အုံးလှကို ဒီကနေ့မှာ မုံရွာမြို့နယ် တရားရုံးကနေ ပုဒ်မ ၅၀၅(ခ)အရ အလုပ်နဲ့ ထောင်ဒဏ် ၂နှစ် ချမှတ်လိုက်ပါတယ်။

ဒေါ်နော်အုံးလှရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုရာမှာ သူမရဲ့ ပြစ်ဒဏ်စီရင်ချက်မှာ အလုပ်ပါ ထည့်ချတာဟာ ဥပဒေကြောင်းအရ မှားယွင်းနေတယ်လို့ ဆိုပါတယ်။

သူမကို ၃ ရက်ဆက်တိုက် ရုံးချိန်ခေါ်ပြီး အမြန် စီရင်ချက် ချလိုက်တာဟာလည်း တရားသူကြီးအနေနဲ့ လုံလောက်တဲ့ စဉ်းစားသုံးသပ်ချိန် ရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

အခုလို နိုင်ငံသားတစ်ဦးက မိမိဆန္ဒကို ထုတ်ဖော်တာကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲပြီး ပြစ်ဒဏ်ချခဲ့တာကလည်း လျော်ကန်မှုမရှိဘူးလို့ ဆိုပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင်က သူ့အနေနဲ့ ဆက်လက် အယူခံဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။