KNLA ကရင်လက်နက်ကိုင်အဖွဲ့ စုံညီအစည်းအဝေး

  • 31 ဩဂုတ် 2013
4_bbc_iv_304x171_bbc
Image caption KNLA အစည်းအဝေး အပြီး မေးမြန်းခန်း

KNLA ကရင်အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင် အဖွဲ့ ရဲ့ ၆ လ ပတ် အစည်းအဝေး ကို ဌာနချုပ်ရှိရာ သေဘေထ မှာ သြဂုတ်လ ၂၇ ရက် က စပြီး ၃ ရက် ကြာ ကျင်းပရာမှာ ပြီးဆုံးသွားပါပြီ။ ပြီးခဲ့တဲ့ လုပ်ငန်းဆောင်တာ တွေ အပေါ်မှာ ဆွေးနွေးသလို၊ ရှေ့လုပ်ငန်းစဉ် တွေ လည်း ဆွေးနွေးကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ရှေ့လုပ်ငန်းစဉ် ထဲ မှာ ကေအင်ယူ နဲ့ အစိုးရကြား အပစ်အခတ် ရပ်ဆဲရေး ကိစ္စ အဓိက ထား ဆွေးနွေးရာမှာ လက်ရှိ အနေအထား အရ၊ ဘာမှ ထူးခြားမှု မရှိဘဲ သွားရ လာရ အဆင်ပြေတဲ့ အပိုင်း ဘဲ ရှိပုံ၊ ဒါကြောင့်အပစ်အခတ် ရပ်ဆဲရေး ကိစ္စ ကို စနစ် တကျ၊ တိတိကျကျ ဖြစ်ဖို့ လိုပုံ တွေ ကို KNLA ပထမတန်း စစ်ဦးစီးမှူး ဗိုလ်ချုပ် မဲ့အေးစိန် က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ အပြင် KNDO ဗိုလ်ချုပ် မန်းကျော်ဖေ အနားယူသွားပြီ ဖြစ်လို့ ဗိုလ်ချုပ်ကြီး စောဗိုလ်မြ ရဲ့ သား နေဒါမြ ကို တညီတညွတ်တည်း KNDO ဗိုလ်ချုပ် အဖြစ် တင်မြှောက် လိုက်ကြပါတယ်။ သူဟာ အသက်လည်း ငယ်သေးတယ်၊ အရည်အချင်းလည်း ရှိလို့ အားကိုးလောက်သူ အနေနဲ့ ရွေးချယ်ကြောင်း အတွေ့အကြုံ ရှိ တဲ့ KNDO ထောက်လှမ်းရေး အရာရှိ မန်းရင်တင် က ဘီဘီစီ ကို ပြောပါတယ်။

KNDO ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ ရဲ့ ပထမဆုံး ဗိုလ်ချုပ် ဟာ ကေအင်ယူ ဥက္ကဌ မန်းဘဇံ ဖြစ်ပါတယ်။ ၁၉၄၉ ခု နှစ်ဆန်းပိုင်းက ရန်ကုန် KNDO ဌာနချုပ် ကို ဝင်စီးခံရတဲ့ အတွက် ကရင့်တော်လှန်ရေး စတင် ဖြစ်ပွားခဲ့ ပါတယ်။