အမတ်တာဝန်က ရုပ်သိမ်းတဲ့ ဥပဒေကြမ်း

  • 30 ဩဂုတ် 2013
Image caption လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

လွှတ်တော် အမတ် တာဝန်ကနေ ပြန်လည် ရုပ်သိမ်းတဲ့ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် မှာ ဆွေးနွေးဖို့ လွှတ်တော် နာယက ဦးရွှေမန်းက ပြည်သူ့ လွှတ်တော် မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်တုန်း ကတော့ ဒီဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော် အမတ် တဦး၊ အမျိုးသား လွှတ်တော် အမတ်တဦးနဲ့ တိုင်း လွှတ်တော် အမတ် ၂ ဦး အားလုံး ၄ ဦးကို တာဝန်ကနေ ရုပ်သိမ်းဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြား ထားပါတယ်။

ဖွဲ့စည်းပုံ ဥပဒေအရ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေက မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက လက်မှတ်ထိုးပြီး တိုင်ကြားမယ်ဆိုရင် စုံစမ်း စစ်ဆေးပြီး ဥပဒေ အရ ရေးယူရမယ် ဖော်ပြ ထားပါတယ်။

အရေးယူဖို့က ဥပဒေ မရှိသေးဘူး ဖြစ်နေတယ်။ ဒါကြောင့် အရေးယူနိုင်ရေး အတွက် လွှတ်တော်အမတ် တာဝန်က ရုပ်သိမ်းရေး ဥပဒေကြမ်းကို အတည်ပြုပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု လွှတ်တော် နာယကကို စာပို့ခဲ့ပါတယ်။ ဒါကြောင့် အတည်ပြုဖို့ လိုတယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းက ပြည်သူ့ လွှတ်တော်မှာ ပြောပါတယ်။ ဒါကြောင့် ဒီဥပဒေကို မဖြစ်မနေ ပြဋ္ဌာန်းဖို့ လိုလာပါတယ်။

ဒီဥပဒေအရ အရေးယူဖို့က စွပ်စွဲတဲ့ အကြောင်းအရာနဲ့ မဲဆန္ဒ နယ်မြေပေါ် မူတည်ပြီး လွယ်တယ် မလွယ်ဘူး ဆိုတာ ဖြစ်နိုင်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ရှေ့နေ ဦးအောင်ကြည်ညွန့်က ထောက်ပြပါတယ်။

ဘယ်လို အချက်က တိုင်းပြည် သစ္စာဖောက်ဖျက်လဲ၊ ဘယ်အချက် အကျင့်သိက္ခာ ပျက်ပြားလဲ ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုထားဖို့ လိုတယ်လို့လည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

လွှတ်တော်အမတ် တဦး ဖြုတ်ချဖို့ ဖွဲ့စည်းမှာ ဖော်ပြ ထားတာက နိုင်ငံတော် ကျေးဇူး သစ္စာကို ဖောက်ဖျက်ရင်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက တချက်ချက်ကို ကျိုးဖောက်ရင်၊ အကျင့်သိက္ခာ ပျက်ပြားရင်၊ လွှတ်တော်အမတ် အရည်အချင်း ပျက်ကွက်ရင်၊ ဥပဒေအရ ပေးအပ်တဲ့ တာဝန် မကျေပွန်ရင် တိုင်ကြားနိုင်တယ်လို့ ဖော်ပြ ထားပါတယ်။

ဥပဒေကြမ်း ကော်မတီက ဒီဥပဒေကြမ်းကို အတည်ပြု လိုက်ရင် တိုင်တောမှုတွေ များမယ်၊ ဖွဲ့စည်းပုံ ပြင်ဖို့လည်း လုပ်နေတဲ့ အတွက် ရွေးကောက်ပွဲ ရှုံးသူတွေက မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းကို စည်းရုံးပြီး တိုင်ရင် မလိုလား အပ်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခု ဥပဒေကြမ်း မှာတော့ တိုင်ကြားတာကို စုံစမ်းစစ်ဆေးမယ်။ အတိုင်ခံရသူက ပြန်လည် ခုခံခွင့် ရှိတယ်။ တိုင်တာ မမှန်ရင် ပယ်မယ်။ တိုင်တာမှန်လို့ စွပ်စွဲချက် မှန်မယ် ဆိုရင်တောင် ရွေးကောက်ပွဲ လုပ်ပြီး တဝက်ကျော် က မဲပေးမှသာ တာဝန်က ရပ်နားနိုင်မယ်လို့ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ