ဗီဂျေး နမ်ဗီးယား ရခိုင်ပြည်နယ် သွားရောက်

  • 1 စက်တင်ဘာ 2013
Image caption ဗုဒ္ဓဟူးနေ့ ကတော့ ကချင်ပြည်နယ် ကေအိုင်အို ဌာနချုပ် လိုင်ဇာကို သွားရောက် ခဲ့ပါသေးတယ်

မြန်မာ နိုင်ငံကို ရောက်ရှိ နေတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ Vijay Nambiar ဗီဂျေး နမ်ဘီးယား ဟာ ရခိုင် ပြည်နယ် စစ်တွေ မြို့ကို သွားရောက်ပြီး အဲဒီက ဒုက္ခသည် တွေကို ကြည့်ရှုခဲ့ ပါတယ်။

အခု ခရီးစဉ်ဟာ ရခိုင်ပြည်နယ် ပဋိပက္ခ အလွန် ဒုတိယ အကြိမ် ရခိုင် ခရီးစဉ် ဖြစ်ပါတယ်။ သူဟာ ရခိုင် ပြည်နယ်က လူတွေနဲ့ ပြေလည်မှု ရှိကာ၊ အရင် တစ်ခေါက်က ရောက်လာတဲ့ လူအခွင့်ရေး ကိုယ်စားလှယ် နဲ့ ခြားနားမှု ရှိတယ်လို့ စစ်တွေ မြို့ခံ မြို့မိ မြို့ဖ တစ်ဦး ဖြစ်တဲ့ ဦးသန်းထွန်းက ပြောပါတယ်။

အခု မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ ဗုဒ္ဓဟူးနေ့ ကတော့ ကချင်ပြည်နယ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့မှာ ကေအိုင်အို ဥက္ကဋ္ဌ အပါ အဝင် ဗဟို ကော်မတီဝင် တွေနဲ့ တွေ့ဆုံ ခဲ့ပြီး၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ မှာလည်း ဘာသာရေး ခေါင်းဆောင်တွေ နဲ့ ဩဂုတ်လ၂၈ ရက် နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

သူဟာ ဩဂုတ်လ ၂၅ရက် နေ့မှာပဲ မြန်မာ နိုင်ငံကို ရောက်ရှိ လာတာ ဖြစ်ပြီး၊ အဲဒီနေ့ ရန်ကုန် မှာ ကျင်း ပ ခဲ့တဲ့ မြန်မာ နိုင်ငံ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲ မှာလည်း စကား ပြောကြားခဲ့ ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ