တရားမဝင် နေထိုင်သူတွေ မလေးရှား ဖမ်းဆီး

  • 2 စက်တင်ဘာ 2013
Image caption ဖမ်းဆီးခံရသူ တစ်ဦး။

မလေးရှားမှာ တရားမဝင် နေထိုင်သူ နိုင်ငံခြားသား နှစ်ထောင့်ငါးရာလောက်ကို ဖမ်းဆီးထားပြီလို့ မလေးရှားအာဏာပိုင်တွေက ပြောကြားပါတယ်။

၅ သိန်းလောက်ရှိမယ့် တရားမဝင် လာရောက်နေထိုင်သူတွေကို ရှင်းလင်းရေး စီမံကိန်းကို မလေးရှားမှာ မနေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

သောင်းနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးပိုင်း အရာရှိတွေဟာ အခုလိုမျိုး နိုင်ငံခြားသား အလုပ်သမားတွေကို အုံနဲ့ကျင်းနဲ့ ဖမ်းဆီးမှု စီမံကိန်းမှာ ပါဝင်ဆောင်ရွက် နေကြပါတယ်။

အလုပ်သမားအများစုကတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ အင်ဒိုနီးရှား နိုင်ငံတို့က လာကြတဲ့သူတွေ ဖြစ်ကြပါတယ်။

အဓိကအားဖြင့်တော့ ခိုလှုံခွင့် လျှောက်ထားဖို့ မှတ်ပုံတင်ထားပြီး မေးမြန်းစစ်ဆေးမှုတွေ လုပ်တဲ့အခါ လာရောက်ဖို့ ပျက်ကွက်ကြတဲ့ နိုင်ငံခြားသားတွေကို အဓိကထား ဖမ်းဆီးနေတာ ဖြစ်တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။