သူရ ဦးရွှေမန်း ရှမ်းအဖွဲ့တွေနဲ့ တွေ့ဆုံ

  • 3 စက်တင်ဘာ 2013
_shwe_mann
Image caption ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ဦးဆောင်တဲ့ အဖွဲ့က ပထမဆုံး အကြိမ် ရှမ်းပြည်နယ် ထဲက RCSS ရှမ်းပြည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့( ရလလဖ) နဲ့ PNO ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် က ကိုယ်စားလှယ် တွေနဲ့ တနင်္လာနေ့ က တွေ့ပါ တယ်။

အပစ်ရပ် သဘောတူထားကြတဲ့ တိုင်းရင်းသား ပြည်နယ်တွေ မှာ အခု အချိန် အထိ သေနတ်သံတွေ ကြားနေရခြင်းဟာ လက်နက်ကိုင် အဖွဲ့တွေ ရဲ့ ဆက်ကြေး ကောက်ခံမှုကြောင့် ဖြစ်တယ် လို့ အစိုးရ စစ်ရုံးက အရာရှိ က အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲ မှာ ပြောကြောင်း RCSS ရှမ်းပြည် ထူထောင်ရေး ကောင်စီ က ဘီဘီစီ ကို ပြောပါတယ်။

သူရ ဦးရွှေမန်း ဦးဆောင်တဲ့ အဖွဲ့ဟာ တိုင်းရင်းသားတွေ နဲ့ လာတွေ့စဉ်မှာ တိုင်းရင်းသားတွေ ဘက်က အစိုးရ နဲ့ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးပေမယ့် သေနတ်သံ တွေ ကြားနေရဆဲ အကြောင်းရင်း မေးရာမှာ တပ်မတော် အနေနဲ့ အမိန့်အရ သွားလာ လှုပ်ရှားနေရတယ်၊ ပြည်သူလူထု ကို ကာကွယ်ဖို့ တာဝန်လည်း ရှိတာကြောင့် လက်နက်ကိုင် အဖွဲ့တွေ က ငွေကြေး ကောက်ခံမှု ပြုရင် အကာအကွယ်ပေးရာ က တိုက်ပွဲ ဖြစ်ရတဲ့ အကြောင်း ရှင်းပြ တယ်လို့ ဆွေးနွေးပွဲ တက်တဲ့ RCSS အဖွဲ့ရဲ့ တောင်ကြီးရုံး လူထုဆက်ဆံရေး တာဝန်ခံ စပ်အုံခေး က ဘီဘီစီ ကို ရှင်းပြပါတယ်။

အစိုးရ နဲ့ အပစ်ရပ် အဖွဲ့တွေ ကြားမှာ နားလည်မှု လွဲမှားတာတွေ ရှိနေဆဲမို့ ကြိုးပမ်းမှု တွေနဲ့ ကျော်ဖြတ်ရမှာ ဖြစ်သလို RCSS အပါအဝင် တိုင်းရင်းသား အပစ်ရပ် တွေ အနေနဲ့လည်း အစိုးရ အာမခံချက် ပေးတာ ကို မမျှော်လင့် ပေမယ့်၊ ပြောတဲ့ အတိုင်း လက်တွေ့ကျကျ လုပ်ပေးဖို့ အရေးကြီးကြောင်း RCSS အဖွဲ့ရဲ့ တောင်ကြီး ရုံး လူထုဆက်ဆံရေး တာဝန်ခံ စပ်အုံခေး က ဘီဘီစီ ကို ရှင်းပြပါတယ်။