ဘာသာပြန် သတင်းထောက် ခေါ်ယူခြင်း

  • 4 စက်တင်ဘာ 2013

ဘီဘီစီမြန်မာပိုင်း အစီအစဉ်မှာ ပြည်တွင်း အတွက်ရော လန်ဒန်ရုံးချုပ်အတွက်ပါ ဘာသာပြန် သတင်းထောက်များ အလိုရှိပါသည်။

မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာစကားကို နိုင်နင်းပြီး ကျွမ်းကျင်စွာ ဘာသာပြန်နိုင်သူ ဖြစ်ရမည်။ သတင်းထောက်လုပ်ငန်းကို စိတ်ပါဝင်စားသူ ဖြစ်ရမည်။ အသံကြည်လင်ပြတ်သားသူ ဖြစ်ရန်လိုအပ်ပြီး နေ့ည အချိန်မရွေး အလုပ်ဆင်းနိုင်ရမည်။

အလုပ်နဲ့ ပတ်သက်သည့် အသေးစိတ်ကို အောက်ပါ လင့်ခ်တွင် သွားရောက် ဖတ်ရှုပြီး၊ စက်တင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်သည်။

http://careerssearch.bbc.co.uk/jobs/job/Translator-Presenter-Burmese-Service/5273

အကယ်၍ အထက်ပါ လင့်ခ်ကို ဝင်ကြည့်၍ မရလျှင် burmese@bbc.co.uk သို့လည်း email ပေးပို့ လျှောက်ထားနိုင်သည်။