MPC ငြိမ်းချမ်းရေးဖော်ဆောင်ရေး တိုးချဲ့ဖွဲ့

  • 7 စက်တင်ဘာ 2013
ssa_knu-peace_talk_3
Image caption MPC တိုးချဲ့ဖွဲ့စည်းရာ ဝန်ကြီးနှစ်ယောက်တိုး

မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ မှာ အဖွဲ့ဝင်သစ် နှစ်ဦး နဲ့ ဖြည့်စွက် ရာမှာ ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင် နဲ့ ဦးဝင်းမြင့် တို့ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန် က လက်မှတ်ထိုး ကြေညာလိုက်ပါတယ်။

အခု အချိန်ဟာ တနိုင်ငံလုံး အတိုင်းအတာ နဲ့ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ကြေညာနိုင်ရေး ဆောင်ရွက်ချိန် နဲ့လည်း တိုက်ဆိုင်နေပါတယ်။ သမ္မတ ရဲ့ ပြောခွင့်ရသူ၊ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ ဆက်သွယ်ရာမှာ လွယ်ကူအောင် ဖြစ်ကြောင်း၊ ဘီဘီစီ ကို ပြောပါတယ်။ ဒါပေမယ့် ဒီဝန်ကြီးတွေ ဟာ ဝန်ကြီးဦးအောင်မင်း လက်အောက်မှာ တွဲဖက် လုပ်ကိုင် မယ့် အကြောင်းလည်း ရှင်းပြပါတယ်။

ဝန်ကြီးဦးဇေယျာအောင် က ဆိုရင် မွန်ပြည်နယ် နဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ တာဝန်ယူမှာ ဖြစ်ပေမယ့်၊ ဝန်ကြီးဦးဝင်းမြင့် အနေနဲ့ ဘယ်ဒေသ အတွက် တာဝန်ချမယ် ဆိုတာ မသိရသေး ပါဘူး။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကို ပြီးခဲ့တဲ့ ဇွန်လ က ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး၊ အဓိက အားဖြင့် ရာထူး အပြောင်းအလဲ ဖြစ်သွားတဲ့ နေရာ တွေမှာ အစားထိုး တာဝန်ပေးတာ ဘဲ ရှိပြီး၊ ကြီးမားတဲ့ ပြောင်းလဲမှု မရှိခဲ့ပါဘူး၊