သူရ ဦးရွှေမန်း ကော့သောင်း ဒေသခံ နဲ့ တွေ့

  • 11 စက်တင်ဘာ 2013
shwemann_
Image caption သူရ ဦးရွှေမန်း ဆွေးနွေးပွဲ

တနင်္သာရီတိုင်း ကော့သောင်းမြို့ မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်သူ့ လွှတ်တော် နာယက သူရ ဦးရွှေမန်း က ဝန်ထမ်း အပါ အဝင်၊ ပါတီ ဝင်တွေ နဲ့ ပြည်သူ လူထု အင်အား ၂ဝဝ ကျော် ကို တွေ့ဆုံ ရှင်းလင်းပွဲ မနေ့ က ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးချက်တွေ ထဲ မှာ ဒေသ အလိုက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နယ်စပ် အဝင်အထွက်၊ ရေလုပ်ငန်း၊ လမ်းတံတား ပြုပြင်ရေး၊ ထိုင်းမြန်မာ နယ်စပ် အခြေအနေ တွေ ကို ဒေသခံ တွေက တင် ပြရာမှာ၊ သူရ ဦးရွှေမန်း က ဒါတွေ ကို အကောင်အထည် ဖေါ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

တိုင်းပြည် ဖွံ့ဖြိုးမှု နောက်ကျခဲ့ခြင်း ဟာ နိုင်ငံကို အာဏာ နဲ့ အုပ်ချုပ်ခဲ့ခြင်း၊ တိုင်းရင်းသား ညီညွတ်မှု မရှိခြင်း၊ အမျိုးသား ပြန်လည် သင့်မြတ်မှု ကင်းမဲ့ခြင်း တွေကြောင့် လို့ သူရ ဦးရွှေမန်း က ထောက်ပြပြီး၊ ပါတီစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ မထားဘဲ နိုင်ငံ တိုးတက်ရေး လုပ်ကြဖို့ မှာကြားခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီ မြန်မာပြည် ရဲ့ တိုင်းစည်းရုံးရေးမှူး ကလည်း ပါတီစုံ ဒီမိုကရေစီ စံနစ် သွားတဲ့ အခါမှာ အားလုံး တစုတစည်း ထဲ ပါလာရေး အတွက်၊ ဦးရွှေမန်း ကိုယ်တိုင် ပါဝင် ကြိုးပမ်း ပေးရေး လည်း တင်ပြသွားပါတယ်။

နိုင်ငံရေး ပါတီ တိုင်းဟာ နိုင်ငံကောင်းစားရေး အတွက် ညီညွတ်ကြဖို့၊ အမျိုးသားရေး ပျက်ပြားစေတဲ့ စကားတွေ မပြောကြဖို့၊ ပြည်သူ ရဲ့ အကျိုးစီးပွား လုပ်ပေးမယ့် ပါတီသာ ပြည်သူက ရွေးချယ်မယ့် အကြောင်း၊ ပြစ်မှု ကျူးလွန်ရင်လည်း တရားစွဲဆိုခွင့် ရှိရမယ် လို့ ဦးရွှေမန်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ