ဆေးကုသဖို့အတွက် လမ်းညွှန်စာအုပ်ထုတ်ပြီး ကုသစေမယ်

  • 12 စက်တင်ဘာ 2013
Image caption ကုသရေးပိုင်းကို လမ်းညွှန်စာအုပ် ထုတ်တော့မယ်

တစ်နိုင်ငံလုံးက အထွေထွေ ဆေးကုသတဲ့ ဆရာဝန်တွေ အားလုံး ပုံစံတခုတည်း ဆေးကုသဖို့အတွက် လမ်းညွှန်စာအုပ်ထုတ်ပြီး ကုသစေမယ်လို့ ကျန်မာရေးဝန်ကြီး ဌာနက ပြောပါတယ်။

ဆေးကုသမှုတွေနဲ့ ပတ်သက်ပြီး တိုင်တန်းမှုတွေ များလာပြီး စစ်ဆေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်

လမ်းညွှန် အတိုင်း မကုဘူးဆိုရင် အရေးယူမှုတွေ လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

ဆရာဝန် လိုင်စင် သက်တမ်း တိုးတဲ့အခါ ညွှန်ကြားချက် အတိုင်း ဆေးကု မကုကိုလည်း စာမေးပွဲ ဖြေဆိုခိုင်းဖို့ အထိ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။