တောင်ကုတ် ဆန္ဒပြပွဲ ဦးဆောင်သူတွေကို ထောင်သုံးလစီ ပြစ်ဒဏ် ချ

  • 14 စက်တင်ဘာ 2013
Image caption ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို မြေပုံမှာ တွေ့ရပုံ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ခွင့်ပြုချက် မရတဲ့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ သုံးယောက်ကို တောင်ကုတ် တရားရုံးက ထောင်သုံးလစီ ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

ထောင်ချခံရတဲ့ သူတွေဟာ လူငယ် ကွန်ယက် က ဖြစ်ပြီး သူတို့ကို စီရင်ချက်ချ အပြီးမှာ သံတွဲ အကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ တောင်ကုတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရခိုင်ပြည်နယ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးခင်လှက ပြောပါတယ်။

ရခိုင် ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂလီ ဒုက္ခသည်တွေကို လုံးချင်းအိမ်ယာ ဆောက်ပေးမယ့် အစီအစဉ်ကို တောင်ကုတ်မှာ မတ်လ ၂၃ ရက်နေ့တုန်းက ကန့်ကွက် ဆန္ဒ ဖော်ထုတ် ခဲ့ရာမှာ အဲဒီလူ သုံးယောက်က ဦးဆောင်ခဲ့တယ်လို့ စွပ်စွဲကာ တရားမဝင် စီတန်း လှည့်လည်မှု ပုဒ်မ ၁၈နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တရားစီရင်မှုကို သံတွဲက လူ ၂ဝဝလောက် တက်ရောက်ခဲ့ပြီး တရားရုံးအနီးမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားခဲ့ရကြောင်း သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ