ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာဖို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ပြောကြား

  • 15 စက်တင်ဘာ 2013
Image caption မြန်မာ နိုင်ငံ ရွေးကောက်ပွဲ ဆန္ဒမဲ ပေးမှု မြင်ကွင်း

နိုင်ငံရေး ပါတီတွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြဌာန်းချက်တွေကို လေးစား လိုက်နာဖို့ လိုတယ် လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဘီဘီစီကို ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် လေးဦး ကို တာ၀န်က ပြန်ရုပ်သိမ်းပေးဖို့ တိုင်ကြားချက် ရှိတာကြောင့် အဲဒီလို ဆောင်ရွက်နိုင်မယ့် ဥပဒေကို အချိန် မဆိုင်းဘဲ ပြဌာန်းပေးဖို့လည်း သူက တိုက်တွန်း လိုက်ပါတယ်။

နိုင်ငံခြား အထောက်အပံ့ယူတယ်လို့ စွပ်စွဲ ခံရတာ ဘယ်ပါတီလဲ ဆိုတာကို သူက တိတိကျကျ မပြောပါဘူး။

တခါ PR လို့ခေါ်တဲ့ အချိုးကျ မဲပေးစံနစ်ကို ၂၀၁၅ မှာ ကျင့်သုံးချင်တယ်ဆိုရင် ရွေးကောက်ပွဲ မတိုင်ခင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်အောင် ၂၀၁၃ ခု နှစ် မကုန်ခင် ဆုံးဖြတ်ချက်ပေးဖို့ လွှတ်တော်ကို အကြံပြုထားတယ်လို့လည်း ဦးတင်အေးက ပြောခဲ့ပါတယ်။