ဆေးလိပ် တစ်လိပ်ချင်း ရောင်းရင် အရေးယူမယ်

  • 18 စက်တင်ဘာ 2013
Smoking
Image caption ဆေးလိပ် ကြောင့် ကျန်းမာရေး ထိခိုက်နိုင်တဲ့ အတွက် သောက်သုံးမှု နည်း အောင် ကြိုးပမ်းနေ

ဆေးလိပ် တစ်လိပ်ချင်း ရောင်းရင် အရေးယူဖို့နဲ့ အသက် ၁၈ နှစ်အောက် လူငယ်တွေကို ဆေလိပ်ရောင်းရင် ဥပဒေအတိုင်း အရေး ယူမှုတွေကို ရန်ကုန်တိုင်းမှာ စတင် လုပ်ဆောင်မယ်လို့ ရန်ကုန်တိုင်းအစိုးရ လုံခြံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

အင်္ဂါ နေ့က ရန်ကုန်တိုင်း လွှတ်တော်မှာ မေးတဲ့ မေးခွန်းကို ဗိုလ်မှူးကြီးတင်ဝင်းက ဖြေခဲ့ရာမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေကို ၂ဝဝ၆ ခုနှစ်က ပြဌာန်း ထုတ်ပြန် ထားပေမဲ့ လက်တွေ့ အကောင် အထည် မဖေါ်ပဲ ဖြစ်နေပါတယ်။

အဲဒီ ဥပဒေမှာ ဆေးပေါ့လိပ်နဲ့ စီးကရက် အပါအဝင် ဆေးလိပ် အမျိုးမျိုးကို အလိပ် ၂ဝ အောက် ဖြည်ပြီး မရောင်းရ၊ စာသင်ကျောင်း အနီးမှာ မရောင်းရ၊ အသက် ၁၈ နှစ်အောက်ကို မရောင်းရ စတာတွေ ပါဝင် ပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေအတိုင်း ရန်ကုန်တိုင်းက အရေး ယူမယ်ဆိုရင် ယူခွင့် ရှိသလို တခြား တိုင်းနဲ့ ပြည်နယ်တိုင်း ကလည်း အရေးယူခွင့် ရှိတယ်လို့ ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးဌာန က ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ နန်း နိုင်နိုင်ရှိန်က ပြောပါတယ်။

လောလောဆယ်မှာတော့ မြန်မာ နိုင်ငံ တဝန်း လက်ဘက်ရည် ဆိုင်တွေမှာ ဆေးလိပ်ကို တစ်လိပ်ချင်း ရောင်းနေတာတွေ ရှိပါတယ်။

တစ်လိပ်ချင်း မရောင်း ရဘူးဆိုတဲ့ ဥပဒေကိုလက်တွေ့ အကောင် အထည်ဖေါ်ဖို့ကတော့ လွယ်မှာ မဟုတ်ဘူးလို့ လက်ဘက်ရည်ဆိုင် ပိုင်ရှင် တစ်ယောက်က ပြောပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေ အတိုင်း အရေး ယူမယ် ဆိုတာက ဆေးလိပ် သောက်သုံးသူ နည်းသွားအောင် ရည်ရွယ်တာ ဖြစ်တဲ့ အတွက် လက်ရှိ ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေထက်ပိုပြီး တိုးမြှင့်ဖို့ ကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက တိုင်ပင် ဆောင်ရွက် နေပြီ ဖြစ်ပြီး နိုင်ငံခြား ဆေးလိပ် ကုမ္ပဏီတွေ မြန်မာ နိုင်ငံမှာ လာရောက် လုပ်ကိုင်ကြမှာ ကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက ကန့်ကွက် ထားတယ်လို့ ဒေါက်တာ နန်း နိုင်နိုင်ရှိန်က ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ