မြန်မာပြည်မှာ ပြီးခဲ့တဲ့ ရှစ်လ အတွင်း မုဒိမ်းမှု ရ၂ မှုဖြစ်ခဲ့

  • 19 စက်တင်ဘာ 2013
Image caption အသက်မပြည့်သေးတဲ့ ကလေးမလေးတွေ မုဒိန်းကျင့်ခံရမှု များလာနေ

မြန်မာနိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးတွေကို အဓမ္မမှု ကျူးလွန်ရင် အဲဒီ ကျူးလွန်သူကို သေဒဏ် ချမှတ်နိုင်မဲ့ ဥပဒေကြမ်းကို လာမဲ့ အောက်တိုဘာလမှာ စတင်မယ့် လွှတ်တော်မှာ တင်ဖို့ရှိ တယ်လို့ သင်္ကန်းကျွန်း မဲဆန္ဒနယ်က ပြည်သူ လွှတ်တော် အမတ် ဦးသိန်းညွန့် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးတွေကို အဓမ္မ ကျူးလွန်ရင် အဲဒီကျူးလွန်သူကို သေဒဏ် ချမှတ်နိုင်မဲ့ ဥပဒေ ကြမ်းကို အောက်တိုဘာမှာ စတင်မဲ့ လွှတ်တော်မှာ တင်ဖို့ ကြိုးစားမှာ ဖြစ်ပြီး ဒီဥပဒေကြမ်း ပြည်ထောင်စု အဆင့်မှာ မတင်မှီမှာဘဲ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာတော့ အရွယ် မရောက်သေးတဲ့ အသက် ၁၆ နှစ် အောက် ကလေး သူငယ်တွေကို အဓမ္မ ကျူးလွန်မှုတွေဟာ ရန်ကုန်တိုင်းလို ဒေသမှာ ဘယ် လောက် များပြားလာနေတယ် ဆိုတာကို ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီး ဦးတင်ဝင်းက စက်တင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ် ဇန္နဝါရီ ကနေ သြဂုတ် လအတွင်း ရန်ကုန်တိုင်းမှာ မုဒိန်းမှုပေါင်း ၉၇ မှု ဖြစ်ပွားခဲ့ပြီး အဲဒီ အထဲက သက်ငယ် မုဒိမ်းမှု ၇၂ မှု ရှိတယ်လို့ ဦးတင်ဝင်းက ပြောပါတယ်။

ဒါ့အပြင် အသက် ၁၀နှစ်အောက် မိန်းကလေးတွေ အပေါ် လိင်ပိုင်း ဆိုင်ရာ အဓမ္မ ပြုကျင့်မှု ၁၂ မှု ၊ ၁ဝ နှစ်ကနေ ၁၃ နှစ် အတွင်း ၃၁ မှုနဲ့ ၊ ၁၄ နှစ်ကနေ ၁၅ နှစ် အတွင်း ၁၄မှု ၊ ၁၅ နှစ်ကနေ ၁၆ နှစ် အတွင်း ၁၂မှု ဖြစ်ပွားခဲ့တယ်လို့ သူက ဆိုပါတယ်။

၂ဝ၁၃ ခုနှစ်ကုန် အထိ မုဒိမ်းမှု မရှိစေဘဲ သက်ငယ် မုဒိန်းမှုတွေ လျော့ပါးသွားရအောင် မုဒိမ်းမှု ဖြစ်ရခြင်း အကြောင်းတွေကို ဆန်းစစ်နေတယ်လို့ သူက ပြောပါတယ်။

မြို့နယ်ပေါင်း ၄၅ မြို့နယ် ရှိတဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ အရက်ပုန်း ဆိုင်တွေ ၊ မူးယစ်ဆေး ရောင်းဝယ်မှုတွေ ၊ ညစ်ညမ်း ဗီဒီယိုခွေ ရောင်းချမှုတွေနဲ့ လိင်ဆေး အလွယ်တကူ ၀ယ်ယူလို့ ရနေမှုတွေ ကတော့ ဆက်ရှိနေကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ