နိုင်ငံရေး ဆွေးနွေးပွဲတွေ ၂၀၁၄ နှစ်ဆန်းမှာ စမယ်

  • 20 စက်တင်ဘာ 2013
U Aung Min
Image caption တိုင်းရင်းသားတွေ ဘက်က မရှင်းလင်းတဲ့ မေးမြန်းမှုတွေကို အစိုးရ ဘက်က ပြန်လည် ဖြေခဲ့

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့ အစိုးရကြားနိုင်ငံရေးဆွေးနွေပွဲကို လာမယ့်နှစ် ဆန်းမှာ ပြုလုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရရဲ့ ငြိမ်ချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ RCSS/SSA ရှမ်းပြည် တောင်ပိုင်း တပ်မတော်၊ SSPP/SSA ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၊ PNLO ပအိုးဝ် အဖွဲ့တို့ စက်တင်ဘာလ ၂၀ ရက်နေ့က တောင်ကြီးမြို့ ဆွေးနွေးပွဲမှာ ဝန်ကြီး ဦးအောင်မင်းက ပြောခဲ့တာလို့ ဆွေးနွေးပွဲ တက်ရောက်သူ တွေက ပြောပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရ ဘက်က ပြုလုပ် နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကြောင်းနဲ့ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ပြုလုပ်မယ့် အစီအစဉ် အသေးစိတ်ကို ရှင်းပြခဲ့ သလို ပြည်လုံးကျွတ် အပစ်ရပ်ရေး အစီ အစဉ်ကို ပြည်တွင်း ပြည်ပက အထင်ကရ ခေါင်းဆောင်တွေရဲ့ ရှေ့မှောက်မှာ လက်မှတ် ရေးထိုးခြင်း အားဖြင့် နောက်ကြောင်း ပြန်လှည့်စရာ မရှိတဲ့ အကြောင်း တွေကိုလည်း ရှင်းပြခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူ MPC မြန်မာ ငြိမ်းချမ်းရေး စင်တာက ဒေါက်တာ မင်ဇော်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လက စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေဟာ အခု ချိန်မှာ နှစ်ဘက် နားလည်မှုတွေပိုရလာပြီး တိုးတက်မှုတွေ ရှိလာ ခဲ့ပြီလို့ လည်း သူက ပြောပါတယ်။

တိုင်းရင်းသားတွေ ဘက်ကတော့ တစ်ပြည်လုံး အပစ် အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့ အခါ နိုင်ငံတကာ အဖွဲ့ အစည်းတွေက ကြားခံ ဝင်ရောက် ဆောင်ရွက်ပေးဖို့နဲ့ တပြည်လုံး အတိုင်း အတာနဲ့ အပစ် အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးတဲ့ အခါ လက်နက်ကိုင် အဖွဲ့ အစည်းတွေ အားလုံး ပါဝင်ဖို့ စတာတွေကို တင်ပြ ဆွေးနွေး ခဲ့တယ်လို့ PNLO ပအိုးဝ် အဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောပါတယ်။

ဒါ့အပြင် သူက အစိုးရနဲ့ တိုင်းရင်းသား တွေရဲ့ ဆွေးနွေးမှုတွေ မှာ ပိုမို ရင်းနှီးမှု ရလာပြီလို့ ခံစားရပေမဲ့ အပြန်အလှန် ယုံကြည်မှု အပိုင်းကိုတော့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်လာတဲ့ အခါကျမှ သိလာရ လိမ့်မယ်လို့ လည်း ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ