မြန်မာ့ စီးပွားတိုးမြှင့်ရေး ဆွေးနွေး

  • 23 စက်တင်ဘာ 2013
umfcci_304x171
Image caption မြန်မာနိုင်ငံ ကုန်သည်စက်မှု လုပ်ငန်းရှင်များ

စက်တင်ဘာလ ၂၃ ရက် တနင်္လာနေ့ က စလို့ ၂၇ ရက် သောကြာနေ့ အထိ မြန်မာနိုင်ငံ ကုန်သည် စက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တွေ ပူးပေါင်းပြီး Myanmar Business Development Week မြန်မာ့ စီးပွားတိုးမြှင့်ရေး ဆွေးနွေးပွဲ ရန်ကုန်မြို့ မှာ ကျင်းပ နေပါပြီ။

အခုလို မြန်မာနိုင်ငံ ကုန်သည် စက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံ မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ စီးပွားရေး ဖွံ့ဖြို့း တိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေ အရပ်ရပ် ကို လေ့လာ သုံးသပ်ပြီး၊ ဘယ်လို ဆောင်ရွက် သင့်ကြတဲ့ အကြောင်း၊ နိုင်ငံတကာ အတွေ့အကြုံ တွေ နဲ့ နှိုင်းယှဉ်ပြီး အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ အကြောင်း အမြင်ဖလှယ် ကြပုံ တွေ ကို UMFCCI ရဲ့ ဗဟို အလုပ်အမှုဆောင် ဦးမြင့်စိုး က ဘီဘီစီ ကို ရှင်းပြပါတယ်။

အသေးစား၊ အလတ်စား စီးပွားရေး တွေ ဟာ လက်ရှိ စီးပွားရေး အပေါ် အကျိုးပြုတာ နဲ့ ပတ်သက်လို့ အပြင်က အမြင် ကို သိရတဲ့ အခါမှာ၊ အစိုးရ အနေနဲ့ရော၊ ပုဂ္ဂလိက လုပ်ငန်းရှင် တွေ ပါ သုံးသပ်နိုင်တဲ့ အကြောင်း၊ တခြားနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်တဲ့ အခါမှာ သူတို့လုပ်ကိုင် ကြပုံ၊ ပညာရှင် တွေ က အကြံပြုပုံ၊ စတာတွေ ကို ဆွေးနွေးကြတဲ့ အတွက် သူတကာ ရဲ့ အတွေ့အကြုံ တွေ ကနေ သင်ခန်းစာ ယူနိုင်ပုံ ကိုလည်း ဦးမြင့်စိုး က ပြောပါတယ်။

ပြည်ပ က ရင်းနှီးမြှုပ်နှံမှု တွေ လည်း မြန်မာနိုင်ငံ ကို ဝင်နေပြီ ဖြစ်လို့ ဒီ့ထက် ပိုမို ဝင်လာနိုင်ရေး အတွက် အခု ကျင်းပတဲ့ ဆွေးနွေးပွဲ ကနေ အထောက် အကူ ပြုနိုင်သလို၊ ပြင်ပ က ရင်းနှီးမြှုပ်နှံ လိုသူတွေ အနေနဲ့လည်း သုံးသပ် နိုင်တဲ့ အကြောင်း၊ ပြည်တွင်းက ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အနေနဲ့လည်း ပြည်ပ က လုပ်ငန်းရှင်တွေ ကို ဆွဲဆောင်နည်း၊ ပူးပေါင်းဆောင်ရွက်နည်း တွေ ရနိုင်ပုံ တွေ UMFCCI ရဲ့ ဗဟို အလုပ်အမှုဆောင် ဦးမြင့်စိုး က ဘီဘီစီ ကို ရှင်းပြပါတယ်။