အစိုးရတပ်နဲ့ ရှမ်း SSPP တိုက်ပွဲဖြစ်

  • 23 စက်တင်ဘာ 2013
Image caption သေဆုံး ဒဏ်ရာရမှုတွေ မသိရှိရသေး။

ရှမ်းပြည် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်းမှာ ရှိတဲ့ မိုင်းယင် မြို့မှာ ဒီကနေ့ မနက် ၅ နာရီ ကနေ နေ့လည် ၁ နာရီ လောက် အထိ အစိုးရ တပ်ဖွဲ့တွေနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA တပ်တို့ကြားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲ စတင် ဖြစ်ခဲ့တဲ့ ပထမ တစ်နာရီ အတွင်းမှာ လက်နက်ကြီး နဲ့ ပစ်ခတ်သံ သေနတ်သံ တွေကို အဆက်မပြတ် ကြားခဲ့ရတယ်လို့ နမ္မတူ မြို့နယ် ဒေသခံက ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ဒီကနေ့ အထိ ၅ ရက် ကြာအောင် မိုင်းယင် ဘုန်းကြီးကျောင်းမှာ တပ်စွဲ ထားတဲ့ အစိုးရ တပ်တွေနဲ့ ရှမ်းပြည် မြောက်ပိုင်း တပ်ဖွဲ့တွေကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးမှု ဒဏ်ရာရမှု နဲ့ ပတ်သက်ပြီး အခု အချိန် အထိ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။