ဂျင်မီကာတာ မြန်မာနိုင်ငံ ရောက်ရှိ

  • 24 စက်တင်ဘာ 2013
Image caption The Elders အဖွဲ့ခေါင်းဆောင် ဂျင်မီကာတာ

ကမ္ဘာ့ ရပ်မိရပ်ဖများအဖွဲ့ The Elders က အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်တဲ့ အဖွဲ့ တဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။

မစ္စတာ ကာတာနဲ့အတူ အဲဒီအဖွဲ့မှာ ဖင်လန် သမ္မတဟောင်း မာတီ အာတီဆာရီ နဲ့ နော်ဝေ ဝန်ကြီးချုပ်ဟောင်း ဂရို ဟာလမ် ဘရန့်တ်လန်း တို့ပါ ပါဝင်လာကြတယ်လို့ ဆိုပါတယ်။

သူတို့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲ ကို ထောက်ခံအားပေးသွားဖို့၊ အစိုးရနဲ့ လူနည်းစု လက်နက်ကိုင် အဖွဲ့တွေ အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် အားပေးဖို့နဲ့ ပြည်တွင်း လူမှု မငြိမ်သက်မှုတွေ ဖြေရှင်းရေးလုပ်ငန်းတွေမှာ ကြိုးပမ်း အားပေးသွားဖို့ ဖြစ်တယ်လို့ သိရပါတယ်။။

သူတို့ဟာ အစိုးရ အဆင့်မြင့် အရာရှိတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင် အမျိုးသမီးအဖွဲ့တွေ အရပ်ဖက် အဖွဲ့အစည်းတွေကိုပါ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။