ဂျင်မီကာတာနဲ့ အဖွဲ့ ကြေညာချက်ထုတ်ပြန်

  • 26 စက်တင်ဘာ 2013
Image caption The Elders အဖွဲ့ ရန်ကုန်မှာ သတင်းထုတ်ပြန်စဉ်

မြန်မာ နိုင်ငံမှာ ၃ ရက်ကြာ ရောက်နေတဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်တဲ့ The Elders ကမ္ဘာ့ ရပ်မိရပ်ဖများ အဖွဲ့ဟာ သူတို့ ခရီးစဉ်ရဲ့ နောက်ဆုံးနေ့မှာ ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အပေါ် စိုးရိမ်ကြောင်းနဲ့ မြန်မာ့ နိုင်ငံရေး လောကမှာ အမျိုးသမီးတွေ ပိုမို ပါဝင်ခွင့် ရဖို့ ပန်ကြားလိုကြောင်း ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံမှာ ပြည်တွင်းပြည်ပ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရဖို့ အကောင်အထည်ဖော် ကြိုးပမ်းမှု ဖြစ်စဉ်မှာ ပါဝင် လှုပ်ရှားသူတွေရဲ့ လုပ်ဆောင်ချက်ကိုလည်း ကြိုဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

The Elders အဖွဲ့ဟာ ခရီးစဉ် အတွင်း ဘာသာရေး အဖွဲ့တွေ ၊ အရပ်ဖက် လူမှု အခြေပြု အဖွဲ့အစည်းတွေ အပါအဝင် မြန်မာ သမ္မတ ဦးသိန်းစိန် တို့နဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။