အစိုးရနဲ့ တွေ့ဆုံဖို့ KNU ရန်ကုန်ကို ထွက်ခွာ

  • 27 စက်တင်ဘာ 2013
Image caption ဉက္ကဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး ဦးဆောင်တဲ့ KNU ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့ကို ရောက်ရှိ

ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးဟာ မြန်မာ အစိုးရ ဘက်က ခေါင်းဆောင်ပိုင်း တွေ၊ တပ်မတော် အကြီးအကဲ တွေနဲ့ တွေ့ ဆုံ နိုင်ဖို့ အတွက် ရန်ကုန်မြို့ကို ကြာသပတေးနေ့က ရောက်ရှိလာ ခဲ့ပါတယ်။

လာမယ့် စနေနေ့ စက်တင်ဘာလ ၂၈ရက်နေ့မှာ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒို စောကွယ်ထူးဝင်း က ဘီဘီစီကို ပြောပါတယ်။

နှစ်ဘက် တွေ့ဆုံတဲ့အခါ တပြည်လုံး အပစ်အခတ် ရပ်စဲနိုင်ရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်မဖြစ်ရေး၊ လက်နက်ကိုင် အဖွဲ့တွေကို မတရားသင်းတွေ အဖြစ် သတ်မှတ်ထားရာကနေ ပယ်ဖျက်ပေးရေးတွေကို ဆွေးနွေး ပြောဆိုသွားမယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ နှစ်ဘက် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားတယ် ဆိုပေမယ့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ KNU လုပ်ငန်းပိုင်းဆိုင်ရာ အဖွဲ့အကြေားမှာပဲ လက်မှတ် ရေးထိုးထားတာမို့ တကယ်တမ်း တာဝန်ရှိသူတွေနဲ့ ခိုင်မာတဲ့ လက်မှတ် ရေးထိုးမှုတွေ လုပ်ဖို့ လိုနေတယ်လို့ ပဒို စောကွယ်ထူးဝင်း က ပြောပါတယ်။