ပြောင်းဖူးစေ့ စျေးနှုန်း အခုရက်ပိုင်းအတွင်း ၃ဝ ရာခိုင်နှုန်းလောက် ကျ

  • 28 စက်တင်ဘာ 2013
Image caption ပြောင်း စျေးနှုန်း ကျဆင်း

တရုပ်နိုင်ငံကို အများဆုံးတင်ပို့နေတဲ့ ပြောင်းဖူးစေ့ စျေးနှုန်းဟာ အခုရက်ပိုင်း အတွင်းမှာ ၃ဝ ရာခိုင်နှုန်းလောက် အထိ ကျသွားပါတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ အများဆုံး စိုက်တဲ့ ပြောင်ဖူးစေ့တွေကို မန္တလေးက စျေးကွက်ကနေ တဆင့် တရုပ်ပြည်ကို တင်ပို့နေတာ ဖြစ်ပါတယ်။

မန္တလေး စျေးကွက်က ပြောင်းစျေးက ၅၄ ပိသာ တစ်အိတ်ကို ကျပ်၂၈ဝဝဝ ကနေ ၂၂ဝဝဝ လောက် အထိ ကျသွားတာ ဖြစ်ပါတယ်။

စျေးကျရတာက ပြောင်းအသစ်တွေ ထွက်လာတာနဲ့ တရုပ်က စျေးထိုးကျချတာကြောင့် ဖြစ်တယ်လို့ တောင်ကြီးမြို့ အခြေစိုက် မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များ အသင်းဝင် ဦးသန်းဌေးဝင်းက ရှင်းပြပါတယ်။

ပြောင်းဖူးစေ့ကို အဓိကအားဖြင့် တိရစ္ဆာန် အစာ အဖြစ် အသုံးပြုနေတာ ဖြစ်ပြီး ပြောင်းစျေးနှုန်း အတက်အကျ ကတော့ စိုက်ပျိုးတဲ့ နိုင်ငံတွေက အထွက်နှုန်းပေါ် မူတည်သလို တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းတွေ အောင်မြင်မှု ရှိမရှိ အပေါ် မူတည်တယ်လို့ ဦးသန်းဌေးဝင်း ပြောပါတယ်။