ထမံသီ စီမံကိန်း ဖျက်သိမ်းပြီ

  • 27 စက်တင်ဘာ 2013
Image caption ထမံသီ စီမံကိန်းကြောင့် ဒေသခံတွေ နေအိမ် ရွှေ့ပြောင်းခံခဲ့ကြရ

ချင်းတွင်းမြစ်ပေါ်မှာ ရှိတဲ့ ထမံသီ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုစလုံးကို ဖျက်သိမ်းလိုက်ပြီလို့ လျှပ်စစ်ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

ရေကာတာတွေဟာ အကြီးစားတွေ ဖြစ်တာကြောင့် ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ ဖြစ်လာမှာ စိုးတဲ့အတွက် အခုလို စီမံကိန်းတွေကို ဖျက်သိမ်းလိုက်တာလို့ ပြောပါတယ်။

အိန္ဒိယကို လျှပ်စစ်ဓာတ်အား ရောင်းဖို့အတွက် စီစဉ်ခဲ့တဲ့ ဒီ ရေအားလျှပ်စစ် စီမံကိန်းတွေကို အခုလို ဖျက်သိမ်းမှာကို အိန္ဒိယဘက်ကလည်း သဘောတူတယ်လို့ ဆိုပါတယ်။