ဝဲကြီးရွာသားတွေကို ရဲစခန်းက ဆင့်ခေါ်ဖမ်းဆီး

  • 28 စက်တင်ဘာ 2013
Image caption မဟုတ် မမှန် အမှု ဖွင့်ထားလို့ အမှန် ဖေါ်ထုတ် နိုင်ဖို့ ရဲ ဆင့်ခေါ်တာကို လာရောက်တာလို့ ပြောပါတယ်

နေပြည်တော် ပုပ္ဗသီရိ မြို့နယ် ဝဲကြီးရွာက တောင်သူ ၁၀ ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက် ညသန်းခေါင် အချိန် ဝင်ဖမ်းရာ၊ ရွာသား တွေက ရဲတွေကို ပြန်ဖမ်း တဲ့ ကိစ္စနဲ့ ဆက်စပ်လို့ ရဲ အလိုရှိတဲ့ ရွာသား ၁၀ ယောက်ဟာ ကျည်ထောင်ကန် ရဲစခန်းမှာ စစ်ဆေး ခံဖို့ သွားရောက် ခဲ့တာ ဖြစ်ပါတယ်။

အဲလို စစ်ဆေးခံ ဖို့လာတဲ့ ဝဲကြီး ရွာသား ၁၀ ယောက်ကို ကျည်ထောင်ကန် ရဲစခန်းက ထုံးပို အချုပ်ခန်း ထဲမှာ ဖမ်းဆီးလိုက် တယ်လို့ အဖမ်းခံခဲ့ ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကျေး ဥက္ကဌ ကိုဇော်လတ်ကို ဘီဘီစီကို ပြောပါတယ်။

သူတို့ကို မဟုတ် မမှန် အမှု ဖွင့်ထားတဲ့ အတွက် အမှန် တရား ဖေါ်ထုတ် နိုင်ဖို့ အခုလို ရဲ ဆင့်ခေါ်တာကို လာရောက်တာ ဖြစ်တယ်လို့လည်း ကိုဇော်လတ်က ပြောပါ တယ်။

စက်တင်ဘာ ၁၈ ရက်ညက လာဖမ်းတုန်းက ဖမ်းဝရမ်းလည်း မပါဘဲ၊ ရဲတွေဟာ လုပ်ထုံး လုပ်နည်းနဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း သူက ပြောပါတယ်။

အချုပ်ခန်း ထဲကို ရောက်ခါစ တယ်လီဖုန်းတွေ အပိတ် မခိုင်းခင် လေးမှာဘဲ အဖမ်းခံ ထားရတဲ့ ဝဲကြီးရွာ အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌ ကိုဇော်လတ်ကို ဘီဘီစီက တယ်လီဖုန်း ဆက်သွယ်ခွင့်ရခဲ့ တာဖြစ် ပါတယ်။

အခု အဖမ်းခံ ထားရတဲ့ ၁၀ ဦးကို စွဲဆို ထားတဲ့ ပုဒ်မတွေကတော့၊ အစိုးရ ဝန်ထမ်းတွေကို တာဝန် ထမ်းဆောင် စဉ်မှာ နာကျဉ် အောင်လုပ်မှု၊ ညစ်ညမ်းစွာ ဆဲဆိုမှုနဲ့ ရဲတွေကို အကြမ်းဖက်မှု လုပ်စဉ်မှာ အားပေး ကူညီမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ