လွှတ်တော်မှာ လယ်ယာ သိမ်းတဲ့ ကိစ္စ ရှင်းလင်း

  • 1 အောက်တိုဘာ 2013
Image caption သိမ်းဆည်း ထားတဲ့ လယ်ယာ တွေကို ပြန်ပေး ဖို့ ဒါမှမဟုတ် တန်ရာ တန်ကြေး လျော်ပေးဖို့ လွှတ်တော်က အတည်ပြုထား

နေပြည်တော် လွှတ်တော် အစည်း အဝေး တွေ ပြန်လည် စတင် ရာမှာ၊ လယ်ယာမြေ သိမ်းဆည်း ထားတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် အစည်း အဝေးမှာ ဝန်ကြီး ဌာနတွေက ရှင်းလင်းခဲ့ ပါတယ်။

လယ်ယာမြေ သိမ်းဆည်း ထားတာနဲ့ ပတ်သက်ပြီး အစိုးရက ပြန်ပေးဖို့ ဒါမှမဟုတ် တန်ရာ တန်ကြေး လျော်ပေးဖို့ အတွက် ပြီးခဲ့တဲ့ လွှတ်တော် အစည်း အဝေး က အတည်ပြု ထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လယ်ဆည် ဝန်ကြီးဌာန၊ မွေးရေ ကျေးလက် ဝန်ကြီး ဌာန၊ စီးပွား ကူးသန်း ဝန်ကြီးဌာနဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့ လွှတ်တော်မှာ ရှင်းလင်း ခဲ့တာ ဖြစ်တယ်။

အဲဒီလို ရှင်းလင်း ရာမှာ တစ်နေရာချင်း အလိုက် လျော်ကြေး ပေးတဲ့ အကြောင်းသာ ရှင်းပြသွားတာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက ပြောပါတယ်။

လူ ဘယ်နှစ်ယောက်ကို ဘယ်နှစ် ဧကစာ လျော်ခဲ့ပြီး ဆိုတာ ခြုံငုံပြီး ရှင်းပြ တာမျိုးနဲ့ အားလုံးပေါင်း ဘယ်လောက် လျော်ပေး ခဲ့ပြီး ဆိုတာ ကိုတော့ မသိရဘူးလို့ သူက ပြောပါတယ်။

အစိုးရ တာဝန်ရှိ သူတွေ ပြီးခဲ့ရက်က ထုတ်ဖေါ် ပြောကြား ခဲ့တာက မြေ အသုံးချ မှုကော်မတီ ကို ဗဟို အဆင့် ကနေ၊ မြို့နယ် ကျေးရွာ အဆင့်တွေ အထိ ဖွဲ့စည်း ပြီးနောက် အသိမ်းခံ ရတဲ့ မြေယာကို စိစစ်ပြီး ပြန်ပေး သွားမယ်လို့ ပြောပါတယ်။

အာဏာ အလွဲသုံးစား လုပ်ပြီး မြေယာ သိမ်းတဲ့ သူတွေကို အရေးယူမယ် ဆိုတဲ့ အကြောင်းတော့ ရှင်းလင်း ပြောကြားတာ မျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ