နေပြည်တော်က လွှတ်တော်တွေ ဒီနေ့ ပြန်စမယ်

  • 1 အောက်တိုဘာ 2013
Parliament
Image caption ဘတ်ဂျက်ကိစ္စ ဆွေးနွေးအတည်ပြုဖို့ရှိ

ပြည့်သူ့တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေ ဒီနေ့ ပြန်လည် စတင်မှာဖြစ်ပါတယ်။

အခုတစ်ကြိမ် လွှတ်တော်အစည်းအဝေးမှာ အစိုးရရဲ့ ထပ်တိုးနဲ့ပြင်ဆင်ဖို့ရှိတဲ့ အပြီးသတ် ဘတ်ဂျက် ကို အဓိက ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။

နှစ်ဆန်းပိုင်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဘတ်ဂျက်က ခန့်မှန်းဖြစ်ပြီး အခုတင်သွင်းမှာက အမှန်ကတယ် အသုံးပြုတဲ့ ပြုပြင်ပြီး ဘတ်ဂျက်ကို ဆွေးနွေးမှာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဘတ်ဂျက်ကိစ္စရပ်အပြင် တခြားဥပဒေကြမ်းတွေမှာတော့ လက်ကိုင်ဖုန်း၊ အင်တာနက်နဲ့ သက်ဆိုင်တဲ့ ဆက်သွယ်ရေး ဥပဒေ၊ မီဒီယာ ဥပဒေနဲ့ ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စတွေက အခုလွှတ်တော် အစည်းအဝေးမှာ လွှမ်းမိုးနိုင်တယ်လို့ ဖာပွန်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းသန်းနိုင်က ပြောပါတယ်။

လွှတ်တော် ၃ ရပ်လုံးရဲ့ အစည်းအဝေးကို ပုံမှန်အားဖြင့် ၁ လခွဲ ၂ လလောက် ကျင်းပလေ့ ရှိပါတယ်။

အခုတကြိမ်မှာတော့ ဖွဲ့စည်းပုံပြင်ရေးအတွက် လေ့လာသုံးသပ်စရာနဲ့ ပြင်ဆင်လုပ်ဆောင်ဖို့တွေ လည်းရှိနေတာကြောင့် လွှတ်တော် အစည်းက ဘယ်လောက်ကြာမလဲတော့ မသိသေးဘူးလို့ လွှတ်တော်အမတ်တွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ