သံတွဲမှာ ၁ ဦးသေ၊ အိမ် ၁၄ လုံး မီးလောင်

  • 1 အောက်တိုဘာ 2013
Image caption ညမထွက်ရ အမိန့်ကို ည ၆ နာရီက မနက် ၆နာရီအထိ တိုးမြှင့်သတ်မှတ်ထား

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ၁၇ မိုင် အကွာမှာရှိတဲ့ ရွှေလှေ ကျေးရွာ အုပ်စု ထဲက သပြုချိုင်၊ ပေါက်တောနဲ့ ရွှေလှေ ကျေးရွာ ၃ ခုမှာ မွတ်ဆလင် အိမ်တွေကို လူအုပ်နဲ့ ဝိုင်းပြီး မီးရှို့ တိုက်ခိုက်တဲ့ အတွက် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အိမ်ခြေ ၁၄ လုံးထက်မနည်း မီးလောင် သွားတယ်လို့ သံတွဲ ခရိုင် ဒုရဲမှူးကြီး ကျော်တင့်က ပြောပါတယ်။

အခုအခါ အဲဒီ ကျေးရွာတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ဆောင်ရွက် ပေးနေပြီး အခြေ အနေကို ထိန်းချုပ်ထားနိုင်ပြီလို့ သူက ဆိုပါတယ်။

ဒေသတွင်းမှာ ရောက်နေတဲ့ သတင်းထောက် တစ်ဦးရဲ့ အပြော အရတော့ ညနေ ၅ နာရီအထိ ကျေးရွာတွေမှာ မီးလောင်နေတာ တွေ့ရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သံတွဲ မြို့နယ် အတွင်းမှာ ညမထွက်ရ အမိန့်ကို အရင်က ည ၉နာရီကနေ မနက် ၆ နာရီအထိ သတ်မှတ် ထားရာ ကနေ အခုအခါ ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့် သတ်မှတ် ထားတယ်လို့ သိရပါတယ်။