ဒီမိုကရက်တစ် မြန်မာ့အသံ ကုမ္ပဏီ ထောင်ပြီ

  • 3 အောက်တိုဘာ 2013
Image caption DVB အနေနဲ့ ပြည်သူ့ဝန်ဆောင်မှု တန်ဖိုးတွေ ကိုတော့ ကိုင်ထားမယ်

၁၉၉၂ ခုနှစ် ကစပြီး နော်ဝေ နိုင်ငံမှာ အခြေစိုက် အသံလွှင့်ခဲ့တဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံ DVB ဟာ အခု အခါ မှာတော့ ပြည်တွင်းမှာ DVB Multimedia Group ဆိုတဲ့ စီးပွားရေး ကုမ္ပဏီ တခု အနေနဲ့ မှတ်ပုံ တင်ပြီး ကြော်ငြာတွေ စတင် ဖိတ်ခေါ်နေ ပါပြီ။

ပြည်တွင်းမှာ လုပ်ငန်းတွေ လုပ်ကိုင် နေပြီ ဖြစ်လို့၊ အရင် ရန်ပုံငွေ ထောက်ပံ့ နေတဲ့ ဥရောပနဲ့ မြောက်အမေရိက တိုက်က အလှူရှင် နိုင်ငံတွေ ကနေ ထောက်ပံ့မှု ရပ်တန့်သွား တာကြောင့် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ဖို့ အခုလို ပြောင်းလဲ လိုက်ရတာလို့ DVB သတင်း ဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

အခြေအနေ အရ အခုလို စီးပွားရေးဘက် ကူးပြောင်းရပေမယ်လို့ DVB အနေနဲ့ ပြည်သူ့ဝန်ဆောင်မှု တန်ဖိုးတွေ ကိုတော့ ကိုင်ထားမှာ ဖြစ်ကြောင်း လည်း သူပြောပါတယ်။

မီဒီယာ ဥပဒေ မထွက်သေးခင် အချိန်မှာတော့ အသံ ထုတ်လွှင့်မှု အပိုင်းတွေကို ပြည်ပ ကနေ ဆောင်ရွက်မှာ ဖြစ်ပြီး၊ နောင် တချိန် မှာတော့ လုပ်ငန်း အားလုံးကို ပြည်တွင်းမှာ ဆောင်ရွက်မယ်လို့ သူက ဆက်ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ