ထောင်တွေကို တရားရေးက စစ်ဆေးရေး အတည်ပြု

  • 3 အောက်တိုဘာ 2013
Image caption ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာ မသိမ်းခင် အထိ အကျဉ်းထောင်တွေကို တရားရေး ကသာ အုပ်ချုပ် ခဲ့တာ ဖြစ်

ရဲ အချုပ်ခန်းတွေနဲ့ ထောင်တွေကို တရား သူကြီး တွေက ၆ လ တစ်ကြိမ် စစ်ဆေး ရမယ့် ပြည်ထောင်စု တရား စီရင်ရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေ ကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာလနဲ့ စာရင် ကောင်းတယ်လို့ ပြောရ ပေမယ့် တကယ် ဆိုရင် အကျဉ်းထောင်တွေ အားလုံးကို အုပ်ချုပ်ရေး အဖွဲ့ ဖြစ်တဲ့ ပြည်ထဲရေး လက်အောက် ကနေ တရားရေး အဖွဲ့ကို လွှဲပြောင်း ပေးတာ အကောင်းဆုံးလို့ တရား လွှတ်တော်ရှေ့ ဦးကိုနီက ထောက်ပြ ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး ဦးနေဝင်း ဦးဆောင်တဲ့ စစ်တပ် ကနေ အာဏာ မသိမ်းခင် အချိန် အထိ အကျဉ်းထောင်တွေကို တရားရေး ကသာ အုပ်ချုပ် ခဲ့တာ ဖြစ်တယ် လို့ ဦးကိုနီက ပြောပါတယ်။

အဲဒီ နောက်ပိုင်း ကျမှသာ ပြည်ထဲရေး ကို လွှဲပေး လိုက်တာ ဖြစ်လို့၊ အဲဒီ အချိန်က စလို့ အကျဉ်းသား တွေရဲ့ အခွင့်အရေး တွေ အကြီး အကျယ် နစ်နာ ခဲ့ရတယ်လို့ ဆိုပါ တယ်။

အခုလို တရားသူကြီး တွေက သွားရောက် စစ်ဆေးရုံနဲ့ အကျိုး ဖြစ်ထွန်းမှာ မဟုတ်ဘဲ၊ တရားရေးက အကျဉ်းထောင် တွေကို အုပ်ချုပ် နိုင်မှသာ အကျိုး ဖြစ်မယ် လို့ သူက ပြောပါတယ်။

တကယ်တန်း ပြောရ ရင်တော့ တရားရေး အဖွဲ့ရော အုပ်ချုပ်ရေး အဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေ ကိုပါ ပြန်လည် တည့်မတ်အောင် လုပ်ဖို့က အရေးကြီး တယ်လို့ ပြောရမှာ ဖြစ်ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ