ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး ထွက်ဖို့ရှိ

  • 7 အောက်တိုဘာ 2013
dassk
Image caption ဒေါ်အောင်ဆန်းစုကြည် ဥရောပကို လာဖို့ ရှိနေပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ ကော့မူး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ ၁၈ ရက် နေ့မှာ ယူကေ အပါဝင် ဥရော ပ ၄ နိုင်ငံ ကို ခရီးထွက် မယ် လို့ သိ ရ ပါတယ်။

ခရီး စဉ်အသေးစိတ် ကို တော့ ညိ နှိုင်း နေဆဲ ဖြစ်ပြီး ဒီခ ရီး ဟာ ၂ပတ် ခန့် ကြာ မှာ ဖြစ် တယ်လို့ သိရပါတယ်။

လာမယ့် အောက်တိုဘာ ၁၇ ၊ ၁၈ တရက်ရက်မှာ စပြီး ထွက်ခွာမယ်လို့ ဆိုနေကြပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ရက်အတိအကျနဲ့ မပြောသေး ပါဘူး။

အခုခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ယူကေ အပါအဝင် အီတလီ၊ ဘယ်လ်ဂျီယံ နဲ့ လခ်ဇင်းဘတ်ခ် နိုင်ငံတွေကို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ယူကေကိုတော့ အောက်တိုဘာ ၂၂ ရက်လောက်မှာ ရောက်မယ်လို့ ဆိုကြပါတယ်။

ယူကေကို ရောက်ရှိစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြောက်အိုင်ယာလန် ဘက်ကို သွားပြီး လေ့လာဖို့ ရှိတယ်လို့ လည်း သိရပါတယ်။

အခုခရီးစဉ်မှာ ဘယ်သူတွေ ပါမလဲ ဆိုတာအပြင် ဘယ်နေရာ တွေကို သွားပြီး ဘာတွေ ဆောင်ရွက်မလဲ ဆိုတာကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က တိတိကျကျ မပြောသေးပါဘူး။ သိရသလောက် ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း၊ ဒေါက်တာ တင်မာအောင်နဲ့ လုံခြုံရေး အတွက် ဦးစိုးဝင်းတို့ လိုက်ပါလာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဇွန်လအတွင်းက ယူကေအပါအဝင် ဥရောပ ၅ နိုင်ငံကို ရောက်ရှိခဲ့တဲ့ နောက်မှာအခု ခရီးစဉ်ဟာ ဒေါ်အောင်ဆန်း စုကြည်အတွက် ဒုတိယမြောက် ယူကေ ခရီးစဉ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ