ဦးဂိုအင်ကာ အရိုးပြာ မြန်မာပြည် ရောက်ရှိ

  • 7 အောက်တိုဘာ 2013
Image caption နိုင်ငံပေါင်း ၁၅၀မှာ ဝိပဿနာစခန်း ၁၇၂ခု ဖွင့်လှစ်ခဲ့တဲ့ ကွယ်လွန်သူ ဦးဂိုအင်ကာ

ကမ္ဘာအနှံ့ ဝိပဿနာတရား ပြန့်ပွားရေးအတွက် ဆောင်ရွက်ခဲ့တဲ့ မြန်မာ နိုင်ငံဖွား ဆရာကြီး ဦးဂိုအင်ကာရဲ့ အရိုးပြာတွေ မြန်မာ နိုင်ငံကို ရောက်ရှိလာပြီဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ဧရာဝတီမြစ် အတွင်း ၃ နေရာမှာ ရေမျှောဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ နေထိုင်စဉ် လူကြီးရောဂါနဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှာ မီးသဂြိုဟ် ခဲ့ပါတယ်။

ဦးဂိုအင်ကာဟာ ဝိပဿနာ တရားပြဆရာကြီး ဦးဘခင်ထံမှာ ဝိပဿနာတရားကို ၁၄ နှစ်ကြာ သင်ကြားခဲ့ပြီးနောက် နိုင်ငံပေါင်း ၁၅၀ မှာ ဝိပဿနာစခန်း ၁၇၂ ခု ဖွင့်လှစ်ခဲ့သလို ၂၀ဝ၉ ခုနှစ်မှာလည်း မွန်ဘိုင်းမြို့မှာ ရွှေတိဂုံ ပုံတူ ကမ္ဘာ့ ဝိပဿနာ စေတီတော် (Global Vipassana Pagoda) ကို တည်ထားခဲ့ပါတယ်။