စိတ်ကြွ ဆေးတွေ ရန်ကုန် လေဆိပ်မှာ ဖမ်းမိ

  • 9 အောက်တိုဘာ 2013
Synthetic Drugs
ရန်ကုန် လေဆိပ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးက WY အမျိုး အစားဖြစ်

အမျိုးသမီး တစ်ယောက် သယ်ဆောင်လာတဲ့ ကျပ်သိန်း ၃ဝဝဝ နီးပါး တန်ဖိုးရှိ ယာဘ စိတ်ကြွဆေးပြားတွေကို ရန်ကုန်လေဆိပ်မှာ တနင်္လာနေ့က ဖမ်းဆီး ရမိခဲ့ ပါတယ်။

ထိုင်းနိုင်ငံကနေ တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သယ်ယူသွားမယ့် ဆေးပြား အရေ အတွက် ၅၄၇၂၀ ပြားကို ဖမ်းမိတာ ဖြစ်ပါတယ်။

ထိုင်းမြန်မာ နယ်စပ် ဘက်က လာတဲ့ WY ဆေးပြား အမျိုး အစား ဖြစ်တယ်လို့ မြန်မာ နိုင်ငံ မူးယစ်ဗဟို နိုင်ငံ တကာ ဌာနက ဒုတိယ ရဲမှူးကြီး ခင်မောင်ထွန်းက ပြောပါတယ်။

ရန်ကုန်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေ ရှိနေပြီး ဒီတခေါက် လေဆိပ်မှာ ဖမ်းဆီး ရမိတာ ကတော့ အများဆုံးပဲလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသမီး တစ်ယောက်က မင်ခံ စက္ကူတွေနဲ့ ပတ်ထားတဲ့ စိတ်ကြွဆေး တွေကို ထိုးမုန့် ဗူးတွေထဲ ထည့်ပြီး သူ့ရဲ့ ခရီးဆောင်အိတ် ထဲမှာ သယ်ယူ လာခဲ့ တာလို့ ရဲမှူးကြီးက ပြောပါတယ်။

X-ray ဓါတ်ရောင် ခြည်စက်နဲ့ စစ်ဆေးစဉ် မသင်္ကာ စရာ တွေ့လို့ ရှာဖွေ ကြည့်ရာက အခုလို တွေ့ခဲ့တာလို့ လည်း သူက ပြော ပါတယ်။

အဲဒီ အမျိုးသမီးက ကယ်ရီခ ကျပ်ငွေ နှစ်သိန်းနဲ့ သယ်ဆောင်ပေးတာ ဖြစ်ပြီး သာကေတ နော်မန် ရပ်ကွက်က ဆိုတဲ့ သူ့ကို သယ်ခိုင်းသူ ပွဲစား ကိုလည်း ဖမ်းမိ ထားပြီလို့ ဆိုပါတယ်။

ပိုင်ရှင်ကတော့ ထိုင်းနိုင်ငံက ဖြစ်တယ် ဆိုပြီး စုံစမ်း စစ်ဆေးနေကြောင်းလည်း ရဲက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ယာဘ စိတ်ကြွ ဆေးပြား ၁၈ သန်းကျော် ဖမ်းဆီး ရမိခဲ့ ပါတယ်။

အခုနှစ် မှာတော့ ဖမ်းဆီး ရရှိမှု နည်းလာတယ်၊ ဒါဟာ နယ်စပ် ကုန်သွယ်မှု လျှင်မြန်စေဖို့ နယ်စပ်နဲ့ ဆက်စပ်တဲ့ လမ်းတစ်လျှောက်မှာ စစ်ဆေးရေး ဂိတ်တွေ ဖျက်သိမ်း လိုက်တာကြောင့် ဖြစ်တယ်လို့ ရဲအရာရှိ တွေက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ