ဆရာ၀န် တစ်ထောင်ကျော်ကို နာမည်ပျက်စာရင်း ကနေ အစိုးရ ပယ်ဖျက်

  • 10 အောက်တိုဘာ 2013
Image caption အမည်ပျက် သွင်းထားတဲ့ ဆရာဝန်တချို့ စာရင်းက ပျက်ဖျက် ခံရလို့ ဆေးကုသနိုင်ပြီ

ကျန်းမာရေးဦးစီးဌာန လက်အောက် ကနေ ၀န်ထမ်း အဖြစ်မှ ထုတ်ပယ်ပြီး လျော်ကြေးမပေးတဲ့ ဆရာ၀န် တစ်ထောင်ကျော်ကို အစိုးရ က နာမည်ပျက်စာရင်း ကနေ ပယ်ဖျက်ပေးလိုက် ပါတယ်။

ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ ဆောင်ရွက်ပေးလျက်ရှိတဲ့ မူနဲ့အညီ အစိုးရက အခုလို ပယ်ဖျက်ပေးလိုက်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်လောက်တုန်း ကတော့ အမည်ပျက် စာရင်သွင်းထားတဲ့ ဆရာဝန် ၁၀၀ ကျော် ကို ပယ်ဖျက်ပေးခဲ့တာ ရှိပြီး အခုတော့ အယောက် တစ်ထောင့်တစ်ဆယ် အထိ ပယ်ဖျက်လိုက်တာ ဖြစ်တာကြောင့် အရည်အတွက် အများဆုံး ပယ်ဖျက်ပေးလိုက်တာ ဖြစ်ပါတယ်။

အရင်က ကျန်းမာရေး ၀န်ကြီးဌာနကို လျော်ကြေးမပေးပဲ အလုပ်ထွတ်လျှင် အကြောင်းမကြားပဲထွက်လျှင် ဆမ လို့ ခေါ်တဲ ဆေးကုသခွင့် လတ်မှတ်ကို သိမ်းယူပြီး ဆေးကုသခွင့် မပြုတော့ပါဘူး။

ပြောင်းလဲလာတဲ့ ခေတ်အခြေအနေနဲ့ အခုလိုလုပ်တာ ဖြစ်ကြောင်း သိရပါတယ်။

အခုလို အမည်ပျက်စာ ရင်း ကနေ ပယ်ဖျက်ပေးလိုက်သူတွေ ထဲမှာ အစိုးရကို လျော်ကြေးပေးရမဲ့ ဆရာဝန်တွေဟာ အနည်းဆုံး ၁၀ သိန်း ကနေ အများဆုံး သိန်း ၃၀ အထိ ဘွဲ့အလိုက် လျော်ကြေးပေးပြီရင်တော့ သူတို့ဟာ အမည်ပျက်စာရင်း ကနေ ကင်းလွတ်ခွင့်ရပြီး ဆေးကုသခွင့် ပြန်ရမှာ ဖြစ်ပါတယ်။

ဒီနေ့ အထိ မြန်မာနိုင်ငံမှာ အမည်ပျက်စာရင်း ထဲပါတဲ့ ဆရာဝန်တစ်ရာ ကျော် ရှိတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန က သိရပါတယ်။