ရခိုင်မှာ ရေငံသွင်းမှုကြောင့် လယ်မြေတွေထိခိုက်

  • 12 အောက်တိုဘာ 2013
Image caption ဆားငံရေတွေ ဝင်ပြီး စပါးခင်းတွေ ပျက်စီး သလို နွေရာသီမှာလည်း ကျွဲနွားတွေ အတွက် သောက်ရေ ရှားပါး

ရခိုင် ပြည်နယ်က မြို့နယ် အတော် များများမှာ လယ်သမား တွေက တမံတုတ် ဆည်ဖို့ပြီး ရေချို ချောင်းတွေ လုပ်ထား တာကို ယခင် အစိုးရ လက်ထက် ဒေသ ဆိုင်ရာ အာဏာပိုင် တွေက စီးပွားရေး သမားတွေနဲ့ ပူးပေါင်းပြီး ရေငံတွေ သွင်းကာ ပုဇွန် မွေးနေတဲ့ အတွက် လယ်ယာ စိုက်ပျိုး ရေး လုပ်ငန်းကို အကြီး အကျယ် ထိခိုက် ခဲ့ပါတယ်။

ပင်လယ်ကမ်းရိုးတန်း ဒေသ ဖြစ်တဲ့ ရခိုင်ပြည်နယ်က လယ်သမား တွေဟာ လယ်ယာ စိုက်ပျိုးရေးနဲ့ ကျွဲနွားတွေ သောက်သုံးရေ အတွက် ဒေသ အတွင်းမှာ ရှိတဲ့ ချောင်းငယ် လေးတွေကို ခုလို မိုး အကုန်မှာ တမံတုတ် ပိတ်ဆို့ပြီး ရေချိုတွေကို သိုလှောင်ထား ရပါတယ်။

အဲသလို မထားရင် ဆားငံရေတွေ ဝင်ပြီး စပါး စိုက်ခင်းတွေ ပျက်စီး သလို နွေရာသီ ရောက်တဲ့ အခါမှာလည်း ကျွဲနွားတွေ အတွက် သောက်သုံးရေ ရှားပါးမူ အခက် အခဲနဲ့ ကြုံကြရ ပါတယ်။

အခု အစိုးရသစ် လက်ထက်မှာ ဒါမျိုးတွေ မဖြစ်ရအောင် လယ်သမားတွေ မှီခို အားထားနေရတဲ့ ချောင်းတွေကို ပြန်ပိတ်ပြီး ရေချို ချောင်းတွ ပြန်လုပ်ဖို့ အမိန့်တွေ ထုတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒေသ ဆိုင်ရာ အာဏာပိုင် တွေက လိုက်နာမူ မရှိတဲ့ အတွက် ပေါက်တော မြို့နယ် ဆိုရင် လယ်သမားတွေ အခက် အခဲ ဖြစ်နေ ရတယ်လို့ အဲဒီ မြို့နယ် ရဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောပါတယ်။

ပေါက်တော မြို့နယ်မှာ အဲသလို ရေချိုချောင်း ၁၄ ချောင်း ရှိရာမှာ ၅ ချောင်းကို ပြန်လည် ရေချိုးချောင်း ပြုလုပ် နိုင်ပေမယ့် ကျန်တဲ့ ၉ ချောင်းက မိုးရာသီ ကုန်မယ့် အခု အချိန်ထိ မပိတ်ဆို့ နိုင်ဘဲ ဖြစ်နေပါတယ်။

ခုလို ဖြစ်နေ တာဟာ ရခိုင်ပြည်နယ် အစိုးရရဲ့ ညွှန်ကြား ချက်ကို မြို့နယ် အုပ်ချုပ်ရေး ပိုင်း တာဝန်ရှိ သူတွေက လိုက်နာဖို့ ပျက်ကွက် နေတဲ့ အတွက် ဖြစ်တယ် လို့ သူက ဆိုပါတယ်။

မြို့နယ် အာဏာပိုင် တွေဟာ ပုဇွန် စီးပွားရေး လုပ်ငန်းရှင်တွေ ဆီက အခွင့် အရေးတွေ ရရှိ နေတဲ့ အတွက် ခုလို ချောင်းတွေကို လယ်သမားတွေ လက်ထဲ ပြန်အပ်ပြီး ရေချို ချောင်းတွေ အဖြစ် ပြုလုပ်မှာကို မလို လားဘဲ ဖြစ်နေ တယ်လို့ သိရှိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ