စွန့်စား ဝမ်းစာ ရှာဖွေသူ ၁၃ ယောက်သေဆုံး

  • 13 အောက်တိုဘာ 2013
ထိုင်းနိုင်ငံတွင် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများ လာရောက် လုပ်ကိုင်

တနင်္သာရီ တိုင်း ကော့သောင်း မြို့က(လူ၃၀)နည်းပါးနဲ့ ထွက်လာတဲ့ လှေတစီး ထိုင်းနိုင်ငံ ရေပိုင်နက် အစပ်မှာ နစ်မြုတ် ခဲ့လို့ လူသေဆုံးမှု ဖြစ်ခဲ့ ပါတယ်။

ရေနစ်မြုပ်တဲ့ အလောင်း တွေကို ထိုင်းရဲ ရေတပ် သင်္ဘောနဲ့ နာရေးအဖွဲ့ တွေက လိုက်လံ ဆယ်ယူ နေပါတယ်။

အလောင်း ဆယ်ယူ တာနဲ့ ပါတ်သက် ပြီး ထိုင်း နယ်ခြားတပ်ဖွဲ့ အရာရှိ တဦးကို ဆက်သွယ် မေးကြည့်တော့ ကော့သောင်း ကထွက်လာ တဲ့ လှေတစီး(၉)ရက်နေ့ ညနက် ပိုင်းက သဌေးကျွန်း တောင်ဘက် ထိုင်းရေပိုင်း အနီး နစ်မြုပ် တာဖြစ်ပြီး လူ(၃၀)လောက် ပါတယ် လို့ ခန့်မှန်းရ ကြောင်း လှေမြုပ် ချိန်ဟာ လှိုင်းကြီး တာကြောင့် နစ်မြုပ်တာဖြစ်ကြောင်း ပြောပါတယ်။

ညအချိန် အထောက်ထား မဲ့လာတာ ဖြစ်လို့ ခိုးကူး တာလို့ ယူဆရ ကြောင်းလည်း ပြောပါတယ်။

ဆယ်ယူ လို့ရတဲ့ အလောင်းက(၁၃)လောင်း ဘဲရသေးတယ် လို့ ဆိုပြီး အလောင်းကို ရနောင်း ဆေရုံကြီး မှာထား တယ် လို့ပြောပါတယ်။

သေဆုံး သူတွေ ဘက်က လာရောက် စုံစမ်း တာ မရှိသေးဘူး လို့ဆိုပါတယ်။ ကျန် အလောင်းတွေ ကိုတော့ ကယ်ဆယ်ရေး အဖွဲ့က ရှာနေတုန်း ဖြစ်ပြီး သေဆုံးသူတွေ မှာပါလာတဲ့ မှတ်ပုံတင် သက်သေခံ အထောက်ထား တွေအရ မြန်မာ နိုင်ငံသား တွေဖြစ်ပြီး အထောက်ထား တွေကိုတော့ ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်း ထားတယ်လို့ ဆိုပါတယ်။

အသက်ရှင် လွတ်မြောက်သူ ရှိမရှိဆိုတာလည်း စုံစမ်းလို့မရသေးဘူးလို့ ဆိုပါတယ်။