ထရိတ်ဒါးစ်မှာ ပေါက်ကွဲမှု ဖြစ်

  • 14 အောက်တိုဘာ 2013
Image caption အခင်းဖြစ်ပွားရာ ထရိတ်ဒါးစ် ဟိုတယ်ကို ရဲတွေ လာရောက် ကြည့်ရှု စစ်ဆေး

ရန်ကုန်မြို့လယ်က ထရိတ်ဒါးစ် ဟိုတယ်မှာ တနင်္လာနေ့ည သန်းခေါင်ကျော်လောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဟိုတယ်မှာ တည်းနေတဲ့ အမေရိကန် အမျိုးသမီး တဦး ဒဏ်ရာ ရသွားပြီး ဆေးရုံပို့လိုက်ရပါတယ်။

ဟိုတယ် မှာလည်း ထိခိုက် ပျက်စီးမှု အနည်းအပါး ဖြစ်ခဲ့ပါတယ်။

ခုရက်ပိုင်းအတွင်း ရန်ကုန်မြို့နဲ့ တခြား မြို့ကြီးတွေမှာ ပေါက်ကွဲမှုငယ်တွေ ဖြစ်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတွေလည်း ရဲက ရှာဖွေ တွေ့ခဲ့ပါတယ်။

တောင်ငူမြို့မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအတွင်းမှာတော့ လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီ ပေါက်ကွဲမှုတွေဟာ ဘယ်သူ့လက်ချက်လဲ ဆိုတာကို စုံစမ်း စစ်ဆေးနေဆဲပဲလို့ ရဲက ပြောပါတယ်။

လောလောဆယ် ပြည်သူတွေကို သတိနဲ့ သွားလာကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပါတယ်။