ရန်ကုန်မှာ ပေါက်ကွဲ ခဲ့တဲ့ ဗုံး နှစ်လုံး ပုံစံတူနေ

  • 14 အောက်တိုဘာ 2013
Yangon Bomo
Image caption အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်က စားသောက်ဆိုင်မှာ တွေ့ရတဲ့ ဗုံး( ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဓါတ်ပုံ)

အခု ရက်ပိုင်း အတွင်း မြန်မာ နိုင်ငံက မြို့ကြီး တချို့မှာ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့ ဗုံးတွေ တွေ့ရှိတဲ့ ဖြစ်ရပ်တွေ ကြောင့် ပြည်သူတွေ စိုးရိမ် ထိတ်လန့် နေကြချိန်မှာ အောက်တိုဘာ ၁၄ ရက် တနင်္လာနေ့က ရန်ကုန်နဲ့ မန္တလေး မြို့တို့မှာ ဗုံးတွေ ထပ်မံ တွေ့ရှိခဲ့ပြန် ပါတယ်။

ရန်ကုန်မြို့ အလုံ မြို့နယ်က Western Park 2 ဆိုတဲ့ စားသောက်ဆိုင်မှာ ဆိုင်လုပ်သားတွေ သန့်ရှင်းရေး လုပ်တုန်း မသင်္ကာစရာ အထုပ် တစ်ထုပ်တွေ့တဲ့ အတွက် သွားရောက် ရှင်းလင်း ရာမှာ ချိန်ကိုက် ပစ္စည်းနဲ့ တွဲထားတဲ့ လက်ပစ်ဗုံး တစ်လုံး တွေ့ရတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနဲ့ နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အခု ရက်ပိုင်း အတွင်း မြန်မာ နိုင်ငံက မြို့ကြီးတွေမှာ ဗုံးတွေ တွေ့တာ၊ ဗုံးပေါက်တာ တွေကြောင့် ပြည်သူတွေကတော့ လုံခြုံရေးကို စိုးရိမ်နေကြ ပါတယ်။ လောလောဆယ် လုံခြုံရေးတွေ တိုးမြှင့် ထားတယ်လို့ လည်း သူက ပြောပါတယ်။

လောလောဆယ် မှာတော့ မသင်္ကာ သူတွေကို ခေါ်ယူ စစ်ဆေးတာတွေ ရှိနေပြီး ဖမ်းဆီးတဲ့ အဆင့် အထိတော့ မရှိသေးဘူး လို့လည်း လုံခြုံရေးနဲ့ နယ်စပ် ရေးရာ ဝန်ကြီး က ပြောပါတယ်။

ရန်ကုန်မြို့မှာ စနေနေ့ည သန်းကောင်ကျော် အချိန်က စောဘွားကြီးကုန်းမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးနဲ့ တနင်္ဂနွေ နေ့က သာကေတမှာ ပေါက်ကွဲ ခဲ့တဲ့ ဗုံးနှစ်မျိုးက အမျိုးအစားတူ ဖြစ်ပြီး အလုံက စားသောက်ဆိုင်မှာ တွေ့ရတဲ့ ဗုံးကတော့ ကွဲပြား တယ်လို့ သူက ဆိုပါတယ်။

အခု တလော မြန်မာ နိုင်ငံက မြို့ တချို့မှာ တွေ့မြင်ရတဲ့ ပေါက်ကွဲမှုတွေ၊ မပေါက်သေးဘဲ တွေရတဲ့ ဗုံးတွေဟာ လက်လုပ်ဗုံး တွေဖြစ်ပြီး ဒါတွေဟာ လေ့ကျင့် သင်ကြား ထားသူတွေ ပြုလုပ်တာလို့ သုံးသပ်နိုင်ပေမဲ့ ဘယ်သူ ဘယ်ဝါ လုပ်တယ် ဆိုတာနဲ့ အဖွဲ့ တစ်ဖွဲ့တည်း လုပ်တာ ဟုတ်မဟုတ် စုံစမ်းနေတုန်းပဲ လို့ ဗိုလ်မှူးကြီး တင်ဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ