စစ်ကိုင်းမြို့မှာ ပေါက်ကွဲမှု ၂ ခု ဖြစ်

  • 15 အောက်တိုဘာ 2013
မန္တလေးမှာ လုံခြုံရေးတွေ ရှင်းလင်းစဉ်။

ဒီနေ့ မနက်ပိုင်း လင်းအားကြီးချိန်မှာ စစ်ကိုင်း မြို့ပေါ်က ရွှေပြည့်စုံ တည်းခိုခန်းနဲ့ ဆွမ်းဦး ပုညရှင် စေတီတော်နားမှာ ပေါက်ကွဲမှု ၂ ခု ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

ရွှေပြည့်စုံ တည်းခိုခန်း တတိယထပ် စားသောက် ခန်းမမှာ ပေါက်ကွဲမှုဟာ မနက် ၃ နာရီခွဲလောက်မှာ ဖြစ်ခဲ့ပြီး စားပွဲခုံ ထိုင်ခုံတွေပဲ ပျက်စီးတယ်၊ လူ ထိခိုက်မှု မရှိဘူးလို့ စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဘီဘီစီကို ပြောပါတယ်။

ဆွမ်းဦးပုညရှင် စေတီ ကားပါကင်နားက ပေါက်ကွဲမှုကတော့ မနက် ၅ နာရီခွဲကျော်ကျော်လောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ကွန်ကရစ် အုတ်ခုံအနည်းငယ် ပဲ့သွားတာနဲ့ သံပန်းတချို့ ပျက်သွားတာကလွဲလို့ ပြင်းပြင်းထန်ထန် ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

ပေါက်ကွဲမှု လက်သည်ကို စုံစမ်းရှာဖွေနေဆဲ ဖြစ်ပြီး ဒီလို ပေါက်ကွဲမှုတွေ ဖြစ်တာကြောင့် စစ်ကိုင်းမြို့ပေါ် လုံခြုံရေးကို တိုးမြှင့်ထားတယ်၊ မသင်္ကာစရာ အထုပ်အပိုး၊ ပစ္စည်းတွေတွေ့ရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ သတိပေးထားတယ်လို့ စစ်ကိုင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ