ထရိတ်ဒါးစ် ဗုံးကွဲမှု ၃ ယောက်ကို ဖမ်းဆီး

  • 15 အောက်တိုဘာ 2013
Image caption ဒဏ်ရာရသူ အမေရိကန် အမျိုးသမီးကို ဆေးရုံကြီးသို့ ပို့ဆောင်စဉ်။

ထရိတ်ဒါးစ် ဟိုတယ် ဗုံးကွဲမှုနဲ့ ဆက်နွယ်ပြီး မသင်္ကာသူ ၃ ယောက်ကို ရဲက ဖမ်းဆီး လိုက်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားတဲ့ အခန်းက အမေရိကန် အမျိုးသမီး ဧည့်သည် တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ဗုံးပေါက်ကွဲမှုတွေဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေရဲ့ ဂုဏ်ပုဒ်ကို ထိခိုက် ပျက်ပြားအောင် လူတစ်စုက လုပ်နေတာ ဖြစ်ကြောင်း မြန်မာ အစိုးရက ထုတ်ပြန်ပါတယ်။

ဒီလုပ်ရပ်တွေကြောင့် လူထုကြား ထိတ်လန့် ချောက်ချားအောင် လုပ်နေတာ လို့လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ