ဗုံးခွဲမှု သံသယရှိသူ ဖမ်းဆီး

  • 16 အောက်တိုဘာ 2013
Image caption ကုန်သည်ကြီးများ ဟိုတယ်မှာ ပေါက်ကွဲမှု ဖြစ်ပြီးချိန်

ဗုံးပေါက် ကွဲမှုနဲ့ ပတ်သက် ပြီး သံသယ ရှိသူ စောမြင့်လွင် ခေါ် မောထကို ဖမ်းဆီး ထားကြောင်း မြန်မာ နိုင်ငံ လုံခြုံရေးနဲ့ ထောက်လှမ်း ရေး ဒုတိယ ညွှန်ကြား ရေးမှူး ဒုရဲမှူးကြီး မင်းအောင်က အတည်ပြု ပြောကြားပါတယ်။

ကုန်သည်ကြီးများ ဟိုတယ်ဗုံးပေါက်ကွဲမှုနဲ့ western park စားသောက်ဆိုင်မှာ မပေါက်ကွဲတဲ့ ဗုံးတလုံး တွေ့ရှိမှုမှာ စောမြင့်လွင်ဟာ တာဝန်ရှိသူလို့ ဒုရဲမှူးကြီး မင်းအောင်က ပြောပါတယ်။ သူလုပ်တာမှန်ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့လည်း ဆိုပါတယ်။

စောမြင့်လွင်ဟာ ကုန်သည် ကြီးများ ဟိုတယ် ဗုံးပေါက် ကွဲတဲ့ အခန်းမှာ တည်းခဲ့ ဖူးသူ ဖြစ်တယ်လို့ လည်း ရဲက ပြောပါတယ်။

သူဟာ western park စားသောက်ဆိုင်မှာ မိတ်ဆွေ တွေနဲ့ စားသောက်ပြီး ဗုံးကို သူတို့ စားသောက်တဲ့ စားပွဲ အောက်မှာ ထားခဲ့တယ်လို့ ဆိုပါတယ်။

သူ့မိတ်ဆွေတွေဟာ အဲဒီ ဆိုင်မှာ စားသောက် နေကျ ဖြစ်လို့ စားပွဲထိုးက မှတ်မိပြီး စုံစမ်း ဖော်ထုတ် ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စောမြင့်လွင်ဟာ မှတ်ပုံတင် ပါတဲ့ ပိုက်ဆံအိတ်ကို အငှားကား ပေါ်မှာ မေ့ကျန် ထားခဲ့လို့ ရဲက သဲလွန်စ ရပြီး ဖမ်းဆီး နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စောမြင့်လွင်ဟာ ဘယ်အဖွဲ့အစည်းကလဲ၊ နိုင်ငံရေး ပါတီ တခုခု သို့မဟုတ် လက်နက် ကိုင် အဖွဲ့အစည်း တခုခုနဲ့ ပတ်သက် သလား ဆိုတဲ့ အချက်ကိုတော့ ဒုရဲမှူးကြီး မင်းအောင်က သူတို့ အနေနဲ့ သိရှိ ထားပေမဲ့ ဖော်ထုတ် မပြော နိုင်သေးဘူးလို့ ဆိုပါတယ်။