သီလဝါ အခြေခံ အဆောက်အအုံ တွေ စတင်ဖို့ရှိ

  • 16 အောက်တိုဘာ 2013
thilawa
Image caption သီလဝါ ဆိပ်ကမ်းနားမှာ စက်မှုဇုန် ဖော်ထုတ်

ဧက ၁ဝဝဝ လောက် ကျယ်တဲ့ ရန်ကုန်မြို့ တောင်ဘက်က သီလဝါ အထူး စီးပွားရေးဇုန် အတွက် လိုအပ်မယ့် အခြေခံ အဆောက်အအုံ တွေ တည်ဆောက်တဲ့ လုပ်ငန်းကို နိုဝင်ဘာလ အတွင်းမှာ အကောင်အထည် ဖော် ဆောင်ရွက် တော့မှာ ဖြစ်ပါတယ်။

လမ်းတံတား၊ ရေနုတ်မြောင်း၊ ရေပေးရေးနဲ့ လျှပ်စစ် စတဲ့ လိုအပ်တဲ့ အခြေခံတွေ တည်ဆောက်ရေး အတွက် ဂျပန် ကုမ္ပဏီ ၃ ခု နဲ့ မြန်မာနိုင်ငံ က ကုမ္ပဏီ ၉ ခုတို့ ပူးပေါင်း ဖက်စပ် လုပ်ကိုင်ကြ မှာပါ။

၂ဝ၁၅ ခုနှစ်မှာ ဧက ၄ဝဝ ကျော် အတွက် စက်ရုံတွေ တည်ဆောက် ပြီး ဖြစ်မယ်လို့ မြန်မာ ကုမ္ပဏီ ၉ခု ရဲ့ တာဝန်ခံ ကိုယ်စားလှယ် နဲ့ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦး၀င်းအောင်က ဆိုပါတယ်။

စက်မှုဇုန် တည်ဆောက်ရေး အတွက် ကုမ္ပဏီတွေ အပြင် အများ ပြည်သူ ရှယ်ယာတွေ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

စက်မှုဇုန် အတွက် မြန်မာ အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ် သွားမှာ ဖြစ်ပြီး နည်းပညာ စက်ရုံတွေနဲ့ အဆင့်မြင့် စိုက်ပျိုးရေး ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေကိုလည်း တည်ဆောက် သွားမယ်လို့ ဆိုပါတယ်။

စက်မှုဇုန်မှာ အလုပ်သမား သုံးသောင်းထိ အလုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားပြီး လောလောဆယ် ဒေသခံတွေ ပြောင်းရွှေ့မှု ကို အစိုးရက ဆောင်ရွက်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ