နမ့်ခမ်းမြို့မှာ ၃ ကြိမ် ဗုံးကွဲ၊ ၁ ဦးသေ

  • 17 အောက်တိုဘာ 2013
Image caption ကုန်သည်ကြီးများ ဟိုတယ် ဗုံးခွဲမှု တရားခံကိုတော့ ဖမ်းမိထား

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်က မဟာမြတ်မုနိ ဘုရားအနီးမှာ ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူဟာ အမှိုက်တွေကို လိုက်လံသိမ်းဆည်းစဉ် ပန်းခုံပေါ်က အထုပ်ကို ယူကြည့်ရာမှာ ဗုံးပေါက်ကွဲ ခဲ့ပြီး နေရာမှာပဲ သေဆုံးသွား တယ်လို့ ဒေသခံတွေ ဆီက တစ်ဆင့် သိရပါတယ်။

ပေါက်ကွဲမှုတွေဟာ မနေ့က ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ်၊ ဒီကနေ့ ကြာသပတေးနေ့ မနက် ၇ နာရီ နဲ့ ၇ နာရီ ၃၅ မိနစ်တို့မှာ တစ်ကြိမ်စီ သီးခြား ဖြစ်ပွားခဲ့ကြောင်း ရဲက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက် ဆိုတာ မသိရသေးသလို အရင်ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ဆက်စပ်မှု ရှိ မရှိ ဆိုတာလည်း အတည်မပြုနိုင်သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ