ကမ္ဘာတစ်ဝန်း တီထွင် စွမ်းရည် ပြိုင်ပွဲ ဝင်ပြိုင်ရန်

  • 18 အောက်တိုဘာ 2013

BBC World Service ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့် ဌာနကြီးက YCN တီထွင်လူငယ့် ကွန်ရက် နဲ့ ပူးပေါင်းပြီး “ကမ္ဘာတဝှမ်း တီထွင် စွမ်းရည် ပြိုင်ပွဲ” တခု ပြုလုပ်မှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းက တီထွင်ဉာဏ်စွမ်း ရှိသူ လူငယ်တွေကို ရှာဖွေ ဖေါ်ထုတ်ပေးလိုတဲ့ အတွက်ရော သူတို့အနေနဲ့ ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့် ဌာနကြီးနဲ့ လူငယ်တွေရဲ့ ဘဝ တသားတည်းကျအောင် ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲဆိုတာကိုပါ သိလိုတဲ့အတွက် ဒီပြိုင်ပွဲ ကျင်းပရတာပါ။

ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့် ဌာနကြီးကို လူငယ် ပရိသတ်တွေ ပိုနားဆင် အားပေးလာအောင် တွန်းအားပေးနိုင်မယ့် ကြော်ငြာ ဒါမှာမဟုတ် ကြော်ငြာ လှုပ်ရှားမှုမျိုး လုပ်နိုင်မယ့် UK နိုင်ငံ ပြင်ပနေ အသက် ၁၈နှစ်ကနေ ၃၄နှစ် ကြား အရွယ် လူငယ်တွေကို ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ်။

ပထမဆု အဖြစ် အရွေးခံရသူကို ငွေ ပေါင် ၃၀၀၀ ၊ ဒုတိယဆု ရသူ နှစ်ဦးကို ပေါင် ၁၀၀၀ စီ ချီးမြှင့်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားသူတွေ အနေနဲ့ ဒီနေရာကို နှိပ်ပါ

သတိပြုရန်

UK နိုင်ငံတွင်း နေထိုင်သူတွေ အနေနဲ့ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် မရှိပါဘူး။ ဝင်ပြိုင်တဲ့ အခါ လျှောက်လွှာကို အင်္ဂလိပ်လို ရေးတင်ရပါမယ်။ ဒါမှမဟုတ် မြန်မာဘာသာနဲ့ လျှောက်မယ်ဆိုရင် အင်္ဂလိပ်လို ဘာသာပြန်ထားတာကိုလည်း ပူးတွဲ တင်ပေးဖို့ လိုအပ်ပါတယ်။

စည်းမျဉ်း ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ် သိလိုပါက ဒီနေရာကို နှိပ်ပါ

လျှောက်လွှာ စလက်ခံမယ့်နေ့ ၁၇ ရက် အောက်တိုဘာလ ၂၀၁၃ခုနှစ်

လျှောက်လွှာ ပိတ်မယ့်နေ့ ၂ရက် ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်