မြန်မာ့လူ့အခွင့်ရေးအဖွဲ့ အစိုးရထံ စာပို့

  • 17 အောက်တိုဘာ 2013
_prisoner_304x171
Image caption အကျဉ်းထောင်

ကော့သောင်း အကျဉ်းထောင် မှာ ပြီးခဲ့တဲ့ လ က အကျဉ်းထောင် လုံခြုံရေးတွေ က ရိုက်နှက်တာတွေ၊ ပစ်ခတ်မှုတွေ ကြောင့် အကျဉ်းသားတွေ ဒဏ်ရာ ရသူရ၊ သေကြေတဲ့ အထိ ဖြစ်ရ တာတွေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က ကော့သောင်း အကျဉ်းထောင် ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဒီအခါမှာ လူ့အခွင့်အရေး ချိုးဖေါက်တာတွေ တွေ့ရှိခဲ့တဲ့ အတွက် ဒီအခြေအနေ တွေ ကို သုံးသပ်ပြီး အစိုးရ ဆီ စာတင် အကြောင်းကြား ခဲ့ပါတယ်။ အဓိက တင်ပြခဲ့တဲ့ အချက် ၂ ခု အနက်၊ ပထမ အချက် က ၁၈၉၄ ခုနှစ် က ပြဌာန်း ခဲ့တဲ့ အကျဉ်းထောင် ဥပဒေဟာ လက်ရှိ အခြေအနေ နဲ့ ကိုက်ညီမှု မရှိတဲ့ အတွက် အသစ် ပြန်လည်ရေးဆွဲဖို့ ထောက်ပြ ခဲ့ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က အတွင်းရေးမှူး ဦးစစ်မြိုင် က ဘီဘီစီ ကို ပြောပါတယ်။

နောက်တချက် ကတော့ ရန်ဖြစ်တဲ့ အကျဉ်းသား ၃ ဦး ကို အကျဉ်းထောင်ရဲ့ စည်းမျဉ်း အရ အပြစ်ဒဏ် ပေးခြင်း မပြုဘဲ၊ လက်ကိုင်တုတ် နဲ့ ရိုက်ခြင်းဟာ လူ့အခွင့်အရေး ချိုးဖေါက်ခြင်း ဆိုတာ ကို ထောက်ပြခဲ့ ကြောင်း ရှင်းပြပါတယ်။ ထောင်သား တဦး ပစ်ခတ်မှု နဲ့ သေဆုံး ရခြင်းဟာလည်း ၁၈၉၄ ခုနှစ် အကျဉ်းထောင် ဥပဒေ အရ ထောင်မှာ ဆူပူမှု၊ ဖေါက်ထွက်ရန် ကြိုးစားမှု ပြုရင် သင့်တော်တဲ့ လက်နက် အသုံးပြုပြီး နှိမ်နင်းနိုင်တယ် လို့ ပြဌာန်းထားလို့ လွန်ကဲတဲ့ အခွင့်အာဏာ ပေးထားတယ် လို့ ယူဆကြောင်း ဦးစစ်မြိုင် က ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖေါက်တာတွေ နဲ့ ပတ်သက်လို့ အရင်က မြစ်ကြီးနား၊ မန္တလေး နဲ့ အင်းစိန် ထောင်တွေ ကို စစ်ဆေးရာ မှာတော့ အခြေအနေ တိုးတက် ကောင်းမွန် လာတာ တွေ့ရကြောင်း လည်း ပြောပြ ပါတယ်။ အကျဉ်းထောင်တွေ မှာ ရိုက်နှက် ဆုံးမ ခြင်းဟာ အုပ်ချုပ်တဲ့ တာဝန်ခံ၊ စည်းကမ်း ထိန်းသိမ်းသူတွေ နဲ့ သက်ဆိုင်တဲ့ အတွက် သူတို့ရဲ့ အားနည်းချက် တွေ လို့ ယူဆနိုင်ပုံ ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က အတွင်းရေးမှူး ဦးစစ်မြိုင် က ဘီဘီစီ ကို ရှင်းပြပါတယ်။