ဒေါ်စုကို ဘာသာရေး ပဋိပက္ခချုပ်ငြိမ်းရေး ဆွေးနွေးဖို့ တိုက်တွန်း

  • 18 အောက်တိုဘာ 2013
Image caption ဥရောပ ငါးနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ

အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဥရောပ ငါး နိုင်ငံ ခရီးစဉ် အဖြစ် ဒီည မှာပဲ ရန်ကုန် လေဆိပ် ကနေ ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ယူကေနဲ့ အီတလီကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်ဖြစ်ပြီးနောက်ပိုင်း ဥရောပကို တတိယတစ်ခေါက်လာရောက်တာလည်း ဖြစ်ပါတယ်။

ဒီတခေါက်မှာတော့ ဥရောပသမဂ္ဂရုံးချုပ်သွားရောက်ပြီး ဥရောပသမဂ္ဂနဲ့ ဥရောပ ပါလီမန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိသလို ဗြိတိန်နိုင်ငံက အိုင်ယာလန် မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း လေ့လာမှာ ဖြစ်ပြီး ဗြိတိန် Sandhurst စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောမှာ လည်း ဖြစ်ပါတယ်။

ဒီကနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပသမဂ္ဂအဖွဲ့အနေနဲ့ ဒီခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံ မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ပြေငြိမ်းရေး အတွက် ဆွေးနွေးကြဖို့လည်း အာဆီယံ ပါလီမန် အမတ်များ လူ့အခွင့်အရေး အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။