ကရင်နီနဲ့ အစိုးရ၊ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးမယ်

  • 18 အောက်တိုဘာ 2013
Image caption ဇွန်လ ဆွေးနွေးပွဲတုန်းက ချက် ၈ ချက်ပါတဲ့ သဘော တူမှု ရခဲ့

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ တို့ ကယားပြည်နယ်၊ လွိုင်ကော် မြို့မှာ လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့ တွေမှာ ဆွေးနွေးဖို့ ရှိပါ တယ်။

အခု တစ်ခေါက် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲမှာ အစိုးရ ဘက်က စစ်တပ် နေရာ တိုးချထား တဲ့ကိစ္စနဲ့ စောင့်ကြည့် လေ့လာရေး အဖွဲ့ ဖွဲ့စည်းရေး တွေကို အဓိက ဆွေးနွေးဖို့ ရှိတယ်လို့ KNPP ဒုတိယ ဥက္ကဌ ဦး ခူဦးရယ် က ပြောပါတယ်။

နှစ်ဘက် တပ်နေရာ ချထား ရေးနဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးဖို့လည်း ရှိတယ်လို့ ပြောပါတယ်။

အရင်တုန်းက သဘောတူ ညီချက် တွေကို အကောင် အထည် ဖေါ်ဖို့နဲ့၊ ဆက်လက် ညှိနှိုင်း စရာ တချို့ ရှိတာ တွေကို အဓိက ဆွေးနွေး သွားမှာ ဖြစ်ကြောင်း လည်း သူက ပြောပါတယ်။

KNPP အနေနဲ့ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး အတွက် ကို ဆုံးဖြတ်ချက် မချရ သေးပဲ တခြား လက်နက်ကိုင် တိုင်းရင်းသား တွေနဲ့ ဆွေးနွေး နေတုန်းလည်း ဖြစ်ပါ တယ်။

အခုလ ၂၈ ရက်နေ့မှာ ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ပြုလုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စုံ ညီလာခံကို တက်ရောက်ဖို့ ရည်ရွယ် ထား ပေမယ့် တရားဝင် ဖိတ်စာတော့ မရသေး ဘူးလို့ KNPP ဒုတိယ ဥက္ကဌ ဦး ခူဦးရယ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ