မြန်မာ့ဒီမိုကရေစီရေး ကိုဂျင်မီ သုံးသပ်

  • 19 အောက်တိုဘာ 2013
myanmar election
Image caption ဒီမိုကရေစီမှာ လူတိုင်းပါဝင်ခွင့်နဲ့ လွတ်လပ်ခွင့်ရှိမှ ဖြစ်

ဗြိတိန်ကို ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ၂ဝ၁၅ ရွေးကောက်ပွဲ တွေကို သူတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက အင်အားရှိရှိနဲ့ စောင့်ကြည့် သွားမယ်လို့ ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

ပြည်သူတွေမှာ ကိုယ်စားလှယ် အရည်အချင်းကို သိမြင်နိုင်မှု၊ ပြည်သူ ရွေးတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်နိုင်မှု ရှိမှသာ စစ်မှန် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်၊ အဲဒါတွေ ဖြစ်မလာရင်တော့ သူတို့က ဒီမိုကရေစီ ဘောင် ထဲက ကန့်ကွက် အရေးဆို သွားမယ်လို့လည်း မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေး အပေါ် သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဗဟို အဆင့် ပြောင်းလဲမှု တွေထကပ် အောက်ခြေနဲ့ အလယ်ပိုင်းက အုပ်ချုပ်ရေး ယန္တရားမှာ ပိုပြီး အရည်အသွေး ရှိသူတွေနဲ့ ဖြည့်ဆည်းဖို့၊ အမိန့်နာခံမှုနဲ့ အလုပ်လုပ် နေသူတွေကို ပြုပြင် ပေးဖို့ လိုတယ်ဆိုပြီး လက်ရှိ ပြုပြင် ပြောင်းလဲရေး တွေကို ဝေဖန် ပြောကြား လိုက်ပါတယ်။

ဒီမိုကရေစီမှာ အရေးအကြီးဆုံး ဖြစ်တဲ့ လူတိုင်း ပါဝင်နိုင်ခွင့်နဲ့ သတင်း လွတ်လပ်ခွင့် ရှိမှသာ မြန်မာ့ ဒီမိုကရေစီ လမ်းကြောင်း သာယာ ဖြောင့်ဖြူးမှာ ဖြစ်ကြောင်းလည်း ကိုဂျင်မီက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ