KNU ရန်ကုန် သတင်းစာရှင်းပွဲ

  • 20 အောက်တိုဘာ 2013
knu
Image caption ဖောက်ခွဲမှုမှာ KNU အောက်ခြေ တွေ ပါတယ်လို့ မန်းငြိမ်းမောင်ပြော

နှစ် ပေါင်း ၆ဝ အတွင်း KNU ရန်ကုန် မှာ ပထမဆုံး လုပ် တဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာ သတင်းစာ ရှင်း လင်းပွဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားတဲ့ ဗုံးပေါက် မှု တွေ အပေါ် KNU သဘော ထား ကို မီဒီယာတွေ ကို ရှင်းလင်း ပါတယ်။

ဒါပေမဲ့ KNU ခေါင်း ဆောင်တွေ ရှင်းပြတဲ့ သဘော ထား ဟာ ပြီး ခဲ့ တဲ့ ရက် ပိုင်း က မြန်မာ နိုင်ငံ ရဲ တပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြော ခဲ့တဲ့ သ ဘော ထား နဲ့ သိပ်မကွာပါဘူး ။

KNU ဟာ အစိုး ရနဲ့ လက် တွဲ ပြီး ပြည်ထောင်စု ငြိမ်းချမ်း ရေး ကို မဖြစ် မနေ တည်ဆောတ်မယ် ဆိုတာ မျိုး ကို တွေ့ ရပါ တယ် ။

ပြီးတော့ အခု လို ဖောက် ခွဲ မှု ဟာ KNU သဘော ထား မ ဟုတ် ဘူး၊ ဘာသာရေး အဆောက်အအုံကို ပစ်မှတ် ထားတာ နိုင်ငံရေး ရည်ရွယ်ချက် ပါပြီး သူတို့နဲ့ အစိုးရကြား ငြိမ်းချမ်းရေး ပျက်ပြား အောင် လုပ်တာ လို့ ဗဟို ကော် မတီဝင် ဖဒို မန်းငြိမ်းမောင် က ပြောသွား ပါတယ် ။

တောတွင်း ဂိုဏ်းဂဏ တွေအကြား တိုက်ခိုက် စွပ်စွဲမှုတွေ လုပ်တတ်ကြောင်း၊ အခြေအနေကို တိတိကျကျ သိဖို့ လိုတယ်လို့ KNU အောက် ခြေ တချို့ ဗ ဟို နဲ့ ကွဲလွဲ ပြီး ငြိမ်းချမ်းရေး ပျက်ပြား အောင် လုပ် တယ် ဆိုတဲ့ အပေါ် သတင်းစာ ဆရာ စည်သူအောင်မြင့် က မှတ်ချက်ပေး ပါတယ် ။

ဒီပြဿနာကို KNU က အစိုး ရ နဲ့ ပူးပေါင်းပြီး လုပ် မယ် လို့ ပြောပေမယ့် နောက်တကြိမ် ဒါမျိုး ဖြစ် မလာ နိုင် ဘူး ပြော လို့ မရပါဘူး ။

မြန်မာအစိုးရက ဒီတကြိမ်မှာ KNU လက်ချက်လို့ မယူဆဘူး ဆိုပေမယ့် နောက်တကြိမ် ဖြစ် ခဲ့ရင်တော့ အစိုးရ နဲ့ KNU ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှာ အနည်းနဲ့ အများ သက်ရောက် နိုင်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ