ရာမူး (ပန်းဝါ) မြို့ရဲ့ နောက်ဆုံးနေ့ ဝါကျွတ်ပွဲ

  • 20 အောက်တိုဘာ 2013
Image caption ရာမူး ပန်းဝါက ဝါကျွတ်ပွဲတော် နွဲတူပျော်ပျော်

လွန်ခဲ့တဲ့နှစ် အတွင်းက ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀ နှီးပါးခန့် ဖျက်ဆီးခံခဲ့ရတဲ့ မြန်မာ နယ်စပ် အနီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရာမူး (ပန်းဝါ) မြို့ရဲ့ နောက်ဆုံးနေ့ ဝါကျွတ်ပွဲတော်ကို မနေ့ ညနေပိုင်းမှာ ကျင်းပခဲ့မှာ လူပေါင်း သောင်းနဲ့ ချီပြီး ပါ၀င်ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။

လူပေါင်း သောင်းနဲ့ချီပြီး ပါ၀င်ဆင်နွှဲနေတဲ့ ရာမူး ပန်းဝါမြို့က ဝါကျွတ်ပွဲဟာ အလွန်တရာ စည်ကားလှ ပါတယ်။

မနေ့က ဝါကျွတ်ပွဲရဲ့ နောက်ဆုံးနေ့ ဖြစ်တာကြောင့် ရောင်စုံ ပန်းစက္ကူတွေနဲ့ ဘုရားရှင်ကို သုံးရက်တိုင်တိုင် ရည်မှန်း ပူဇော်ထားတဲ့ ပြသာဒ်တွေ၊ ဆီးမီးဖေါင်တွေကို ရာမူး မြစ်ထဲကို မျောချမယ့် အခမ်းအနားဖြစ်တဲ့ အတွက် သောင်းချီရှီတဲ့ လူအုပ်ကြီးဟာ ရာမူးမြစ်ကမ်းဘေးရပ်ပြီး ပွဲတော်ကို ဆင်နွဲခဲ့ကြပါတယ်။

ကရဝိတ်ငှက်၊ ကြိုးကြာငှက်၊ ဟင်္သာ ပုံသဏ္ဍာန်ပြုလုပ်ထားတဲ့ ရေထဲက ပြသာဒ် ဖေါင်တွေပေါ်မှာ လူငယ်တွေဟာ သီချင်းတွေ သံပြိုင် သီဆိုကာ ကပြီး လိုက်ပါလာကြပါတယ်။

အခု ကျင်းပခဲ့တဲ့ ဝါကျွတ်ပွဲမှာ လူပေါင်း သုံးသောင်း လေးသောင်းခန့် ပါ၀င်ဆင်နွဲခဲ့ကြတယ်လို့ ပန်းဝါ ဒေသခံ ရခိုင်လူမျိုး တစ်ဦး က ပြောပါတယ်။

ဒါ့ပြင် ဒီပွဲတော်ကို ယခင်က ရခိုင်လူမျိုးတွေက ဦးစီးကျင်းပခဲ့ကြပေမယ့် အခုအခါမှာတော့ ရခိုင် လူမျိုးတွေ ဦးဆောင်နိုင်စွမ်း မရှိတော့တဲ့ အတွက် မာရာမာကြီး ခေါ် ဘရဝါ လူမျိုးတွေက ဦးဆောင် ကျင်းပ ခဲ့ကြပါတယ်။

မာရမာကြီး လူမျိုးတွေ ဦးဆောင်ကျင်းပတဲ့ ပွဲဖြစ် ပေမယ့် ရခိုင်၊ ဟိန္ဒိ၊ သက်စတဲ့ လူမျိုးတွေကလည်း ပါ၀င်ဆင်နွဲ ခဲ့ကြပါတယ်။

စစ်တပ်၊ ဘီဂျီဘီ နယ်ခြားစောင့်တပ်ဖွဲ့၊ ရဲတွေက လုံခြုံရေး အပြည့် ယူထားတယ်လို့ သိရပါတယ်။

ရာမူး မြို့မှာ ယမန်နှစ်က မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းပေါင်း (၁၉) ကျောင်းကို အစိုးရက ငွေကြေး ကုဋေနဲ့ချီပြီး အကုန်ကျခံကာ ပြန်လည် တည်ဆောက်ပေးခဲ့ပြီးတဲ့ နောက်မှာ ပထမဆုံး ဗုဒ္ဓဘာသာ၀င်တို့ရဲ့ ဝါကျွတ်ပွဲတော်ကို ခုလို ခြိမ့်ခြိမ့်သည်းသည်း စည်ကား သိုက်မြိုက်စွာ ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ