မလေးက မြန်မာ အလုပ် သမားတွေ သက်တမ်း တိုးနိုင်

  • 21 အောက်တိုဘာ 2013
Illegal Burmese workers in Malaysia
Image caption မလေးရှား နိုင်ငံက မြန်မာ အလုပ်သမားများ

မလေးရှားနိုင်ငံမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာ နိုင်ငံသားတွေ အတွက် အလုပ် လုပ်ခွင့် ပါမစ် သက်တမ်း တိုးပေးတဲ့ အစီအစဉ်ကို အောက်တိုဘာလ ၂၁ ရက် တနင်္လာနေ့က စတင် ပြီး မလေးရှား အာဏာပိုင်တွေက ဆောင်ရွက် ပေးနေ ပါတယ်။

သုံးလကြာ လုပ်ဆောင် ပေးမယ့် အဲဒီ အစီအစဉ်ဟာ ၂၀၁၁ ခုနှစ်က နေထိုင်ခွင့် သက်တမ်း ကုန်ဆုံး သွားသူတွေ အတွက် အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးရာမှာ 6P လို့ ခေါ်တဲ့ သတ်မှတ်ချက် အဆင့်ဆင့် အတိုင်း လုပ်ဆောင် လျှောက်ထား ခဲ့ကြပေမဲ့ မရရှိကြသူတွေ အတွက် အဓိက လုပ်ပေးတာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံက မြန်မာ အလုပ် သမား တွေကို လူမှုရေးဆိုင်ရာ အကူ အညီတွေ ပေးနေတဲ့ ဦးသီဟ မောင်မောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က လျှောက်ထားခဲ့ကြတုန်းက ပွဲစားတွေကနေ တဆင့် လုပ်ဆောင်ခဲ့ကြတာ များတဲ့ အတွက် အလိမ် ခံရတာ တွေကြောင့် ငွေကြေး ဆုံးရှုံးသွားခဲ့ပေမဲ့ တကယ်တန်း အလုပ် လုပ်ခွင့် သက်တမ်း ထပ်တိုးပေး မခံရတာတွေ ရှိခဲ့တဲ့ အတွက် အခုတကြိမ်မှာ အလုပ်ရှင်တွေ ကိုယ်တိုင်က လျှောက်ထား ပေးကြရမှာ ဖြစ်ပါတယ်။

အလုပ်ရှင်က မလေးရှား နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာနမှာ ကိုယ်တိုင် သွားလျှောက် ပေးတဲ့ အခါ အလုပ်လုပ်ခွင့် ပါမစ် ရမှာ ဖြစ်တယ်လို့ ဦးသီဟ မောင်မောင်က ပြောပါတယ်။

အဲဒီ ပါမစ်နဲ့ မြန်မာ သံရုံးကို သွားပြီး နိုင်ငံကူး လက်မှတ် သို့မဟုတ် အထောက် အထား လက်မှတ်ပြတဲ့ အခါ သံရုံး ဘက်က လိုအပ်တဲ့ သက်တမ်း တိုးပေးတာကို လုပ်ဆောင် ပေးနိုင် လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ