ဒေါ်အောင်ဆန်းစုကြည် Sakharov ဆု လက်ခံယူ

  • 22 အောက်တိုဘာ 2013
Image caption ဥရောပ ပါလီမန် ဥက္ကဋ္ဌ ထံမှ ဆုလက်ခံယူစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ သမဂ္ဂက ၁၉၉၀ ခုနှစ်တုန်းက ချီးမြှင့်ခဲ့တဲ့ ဆက်ခါရော့ဗ် လူ့အခွင့်အရေး ဆုကို ၁၀ နှစ်ကျော် ကြာခဲ့ အပြီး ဒီကနေ့မှာ ပြင်သစ်နိုင်ငံ Strasbourg မြို့မှာ ကိုယ်တိုင် လက်ခံယူခဲ့ပါတယ်။

ဆုချီးမြှင့်ခံရတဲ့ အချိန် ၁၉၉၀ ခုနှစ်တုန်းက နေအိမ် အကျယ်ချုပ် ကျနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုလက်ခံ မယူနိုင်ခဲ့ပါဘူး။

ဥရောပ ပါလီမန် ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်မှုနဲ့ ဒီမိုကရေစီရဲ့ အထူးသင်္ကေတ အဖြစ် ဖော်ညွှန်း ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တကယ်တမ်း မြှင့်တင်နိုင်ရေးမှာ EU အနေနဲ့ သြဇာ အရှိန်အဝါ သုံးပြီး ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောသွားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရေးမှာ အပေါ်ယံ ပြောင်းလဲမှုမျိုးလောက်နဲ့ မလုံလောက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။